ဗြိတိန်ရေနံတင်သင်္ဘော အီရန် ဖမ်းဆီးထားခြင်းနဲ့ ပတ်သက်ပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ ထရမ့် ပြော

ဗြိတိန်ရေနံတင်သင်္ဘော အီရန် ဖမ်းဆီးထားခြင်းနဲ့ ပတ်သက်ပြီး လက်တွဲဆောင်ရွက်သွားမယ်လို့ ထရမ့် ပြော

၀ါရှင်တန်၊ ဇူလိုင် ၂၀ ။         ။ အီရန်နိုင်ငံက ဗြိတိရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အမေရိကန််အနနဲ့ ဗြိတိန်နဲ့အတူ လက်တွဲဆောင်ရွွက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဒေါ်နယထရမ့်က ပြောပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်က မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးကို ဖမ်းဆီးထားတာဖြစ်ပြီး အဲဒီ အရေးကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ မေးမြန်းတာကို ထရမ့်က တုံ့ပြန်ခဲ့တာပါ။

“ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်ဖမ်းဆီးထားတဲ့အကြောင်း ကျွန်တော်တို့ ကြားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗြိတိန်နဲ့အတူ လက်တွဲဆောင်ရွက်သွားမှာပါ။”လို့ ထရမ့်က ပြောပါတယ်။

“ဒါဟာ အမေရိကန််သင်္ဘောမဟုတ်ဘူး။ ဗြိတိန်သင်္ဘောပါ။ ဒီလို ဖမ်းဆီးခံရတာမျိုးဟာ တစ်စီးကနေ နှစ်စီး ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ကြိုတွက်တယ်။ အီရန်ဟာ ဘာမှမဟုတ်ဘဲ ပြဿနာပဲ ကြုံရလိမ့်မယ်။”လို့ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့ရက်ပိုင်းမှာ ဗြိတိန်နိုင်ငံဟာ အီရန််ရေနံတင်သင်္ဘောတစ်စီးကို ဆီးရီးယားဆီ ရေနံတင်ပို့ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ကို ချိုးဖောက်တယ်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးမှုကို အီရန်က ဆန််ရှင််ချိုးဖောက်ခြင်း မရှိလို့ ငြင်းဆန်ပြီး လက်တုံ့ပြန်မယ်လို့ ပြောထားခဲ့တတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly