ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှု ထိန်းချုပ်ရန် ဘာလီမှာ တစ်ခါသုံး ပလတ်စတစ်အသုံးအဆောင်တွေကို ပိတ်ပင်

ပင်လယ်သမုဒ္ဒရာ ညစ်ညမ်းမှု ထိန်းချုပ်ရန် ဘာလီမှာ တစ်ခါသုံး ပလတ်စတစ်အသုံးအဆောင်တွေကို ပိတ်ပင်

ဇူလိုင် ၁၉။        ။ ပင်လယ်သမုဒ္ဒရာ ရေထုညစ်ညမ်းမှုကို ထိန်းချုပ်ကာကွယ်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေကျွန်း ဘာလီမှာ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေ အသုံးပြုမှု ပိတ်ပင်ချက်ကို စတင်ကျင့်သုံးနေလျက် ရှိပါတယ်။

နိုင်ငံအနေနဲ့ ယင်းရဲ့ စွန့်ပစ်ပစ္စည်း ပြဿနာကို ကိုင်တွယ်ဖို့ အားထုတ်နေချိန် ဘာလီမှာ ပလတ်စတစ် ပိုက်တွေ၊ အိတ်တွေလိုမျိုး ပစ္စည်းတွေကို ပိတ်ပင်နေတာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း ဘာလီကို ခရီးသွား သန်းချီ လာရောက်လည်ပတ်လေ့ ရှိနေပေမယ့် ယင်းနေရာကတော့ မကြာသေးခင်ကစလို့ နိုင်ငံမှာ ပလတ်စတစ် ညစ်ညမ်းမှု သရုပ်သကန်တစ်ခု ဖြစ်လာနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံမှာ ပထမဆုံးအဖြစ် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို ယမန်နှစ်က စတင် ကြေညာခဲ့ပြီးနောက် ယခုလအစောပိုင်းကစလို့ ယင်းပိတ်ပင်ချက်ကို အပြည့်အဝ လိုက်နာအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

ယခုလို ပိတ်ပင်ချက် ကျင့်သုံးခြင်းအားဖြင့် တစ်နှစ်အတွင်း ဘာလီမှာ ပင်လယ်ရေထုထဲ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ အင်ဒိုအစိုးရဘက်က မျှော်လင့်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly