ဘာသာရေးကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးချခြင်းများကို အစိုးရအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ရန် ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

ဘာသာရေးကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးချခြင်းများကို အစိုးရအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ရန် ကုလအထူးကိုယ်စားလှယ် တိုက်တွန်း
Photo - MOFA

ဇူလိုင် ၁၉၊ ရန်ကုန် ။             ။ မြန်မာနိုင်ငံတွင် ဘာသာရေးကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးချခြင်းများကို အစိုးရအနေဖြင့်ပြင်းထန်စွာ ဆန့်ကျင်ရန် ကုသလမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine SchranerBurgener တိုက်တွန်းပြောကြားလိုက်သည်။

ကုသလမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine SchranerBurgener သည်  ဇူလိုင်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်သည့်  သတင်းထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ခွဲခြားဆက်ဆံမှုများ၊ အမုန်းစကားများနှင့် ဘာသာရေးကို နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် အသုံးချခြင်းများကို အစိုးရအနေဖြင့်လည်း ပြင်းထန်စွာ ဆန့်ကျင်ရန် တိုက်တွန်းလိုက်သည်” ဟုသတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံ၏ ၁ဝရက်ကြာ ခရီးစဉ်တွင်   နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင်  အစိုးရတာဝန်ရှိသူများ အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သလို ရခိုင်ပြည်နယ် သို့ သွားရောက်ကာ ဒေသခံများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ကုသလမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရုံး၏ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင်းရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားများ တက္ကသိုလ်ပညာရရှိနိုင်ရေး၊  တပ်မတော် နှင့် ရက္ခိုင့်တပ်မတော် အကြား အပစ်အခတ်ရပ်ဆဲရေးကို စဉ်ဆက်မပြတ်ဆွေးနွေးရေး  ပဋိပက္ခတွင် ပါဝင်သူများမှ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေများကို လိုက်နာရေး အထူးကိုယ်စားလှယ် အထူးကိုယ်စားလှယ် က အလေးပေးပြောကြားခဲ့သည်။

ထို့အပြင် နှစ်ခြမ်းကွဲနေသော အယူအဆများ ပိုမိုများပြားလာနေသည်ကို ခံစားနေရသဖြင့်  ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ၊ ဒေသခံ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများအပြင် နေရပ်စွန့်ခွာသူများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ဒုက္ခသည်များအကြား တွေ့ဆုံဆွေးနွေးရန် လိုအပ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို အလေးအနက် ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly