ကုန်သွယ်ရေး အငြင်းပွားမှုဖြစ်ပြီး တောင်ကိုရီးယားမှာ ဂျပန်ထုတ်ကုန်တွေကို ဆန့်ကျင် သပိတ်မှောက်

ကုန်သွယ်ရေး အငြင်းပွားမှုဖြစ်ပြီး တောင်ကိုရီးယားမှာ ဂျပန်ထုတ်ကုန်တွေကို ဆန့်ကျင် သပိတ်မှောက်

ဇူလိုင် ၁၉ ။        ။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး အငြင်းပွားမှု ဖြစ်နေခဲ့ပြီးနောက် တောင်ကိုရီးယားမှာတော့ ဂျပန် ထုတ်ကုန်ပစ္စည်းတွေကို အသုံးမပြုဘဲ ဆန့်ကျင်သပိတ်မှောက်မှုတွေ ဖြစ်ပေါ်နေလျက် ရှိပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံသားတွေဟာ ဂျပန် ထုတ် ကုန်စည်ပစ္စည်းတွေကို အသုံးမပြုဘဲ သပိတ်မှောက်ကြသလို စျေးဆိုင်ပိုင်ရှင်တွေကလည်း ဘီယာ၊ စီးကရက် စတဲ့ ဂျပန် ထုတ်ကုန်တွေကို ရောင်းချပေးဖို့ ငြင်းဆန်မှုတွေ ရှိနေပါတယ်။

တောင်ကိုရီးယား ပြည်သူတွေအနေနဲ့ ခုချိန်မှာ ဂျပန်အစိုးရနဲ့ ယင်းတို့ရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကို ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ကာလအတွင်း တောင်ကိုရီးယားတို့ရဲ့ နည်းပညာလုပ်ငန်းထဲက ချစ်ပ် နဲ့ စမတ်ဖုန်း ထုတ်လုပ်ရေးမှာ အဓိက ကျတဲ့ ဓာတုပစ္စည်းတွေ တင်ပို့မှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း ဂျပန်ဘက်က ကြေညာခဲ့ပြီးနောက် တင်းမာမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့ အတင်းအကျပ် အလုပ်စေခိုင်းမှုနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေအပေါ် ဂျပန်က ပြန်လည်လက်တုန့်ပြန်ပြီး တောင်ကိုရီးယားအပေါ် ပို့ကုန်ကန့်သတ်မှုတွေ စလုပ်ခဲ့တာဖြစ်ပါတယ်။

နှစ်ဘက်အကြား ယင်း အငြင်းပွားမှုကတော့ ရေတိုကာလအတွင်း ပြေလည်ဖွယ် မရှိသေးကြောင်း သုံးသပ်ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly