အီရန် ဒရုန်းယာဉ်ကို အမေရိကန် ပစ်ချ၊ တင်းမာမှု ပိုမြင့်တက်

အီရန် ဒရုန်းယာဉ်ကို အမေရိကန် ပစ်ချ၊ တင်းမာမှု ပိုမြင့်တက်

ဇူလိုင် ၁၉ ။          ။ အီရန် ဒရုန်းယာဉ်တစ်စင်းကို အမေရိကန် ရေတပ် သင်္ဘောက ပစ်ချလိုက်ကြောင်း အမေရိကန် သမ္မတ  ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၈ ရက်က အမေရိကန် ရေတပ်သင်္ဘော ဟောမုဇ် ရေလက်ကြားထဲ ဝင်ရောက်ချိန်မှာ ယင်း ဒရုန်းက သင်္ဘောကို လာခြိမ်းခြောက်ခဲ့တဲ့အတွက် ခုလို ပစ်ချလိုက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ထိုကဲ့သို့ အီရန် ဒရုန်းကို အမေရိကန် ပစ်ချကြောင်း ထရမ့်ရဲ့ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း ဇူလိုင် ၁၈ ရက်မှာတော့ ပင်လယ်ကွေ့ဒေသမှာ တင်းမာမှုတွေ ပိုမို မြင့်တက်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါဟာ ယင်း ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း ယခု ဒရုန်းယာဉ် ပစ်ချမှုဟာ အမေရိကန်တို့ဘက်က အီရန်နဲ့အကြား ပထမဆုံးအကြိမ် စစ်ရေးအရ ထိတွေ့ပတ်သက်မှုလည်း ဖြစ်လာခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာ အီရန် ဒရုန်းယာဉ်က အမေရိကန် တိုက်ခိုက်ရေး စစ်သင်္ဘော USS Boxer ရဲ့ လုံခြုံရေး၊ သင်္ဘောအမှုထမ်းတွေရဲ့  လုံခြုံရေးကို လာရောက်ထိပါးခြိမ်းခြောက်ခဲ့တဲ့အတွက် မိမိကိုယ်ကိုယ် ကာကွယ်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထရမ့်က ကြေညာပါတယ်။

ယင်း ဒရုန်းကတော့ အမေရိကန် စစ်သင်္ဘောနဲ့ မီတာ ၉၀၀ ကျော်နားအထိ ကပ်လာခဲ့တာကြောင့် ပစ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ချခံလိုက်ရတဲ့ အီရန် ဒရုန်းကတော့ ချက်ချင်းပဲ ပျက်စီးသွားခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

“ ဒါဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ သွားလာနေတဲ့ သင်္ဘောတွေကို အီရန်တို့ရဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်၊ အမေရိကန်အနေနဲ့ကတော့ ကျုပ်တို့ကိုယ် ကျုပ်တို့ ကာကွယ်ပိုင်ခွင့် ရှိပါတယ်၊ ဒီတော့ လွတ်လပ်စွာ ရေကြောင်းသွားလာမှု၊ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်မှုကို နှောင့်ယှက်နေတဲ့ အီရန်တို့ရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြဖို့ ကမ္ဘာ့နိုင်ငံအားလုံးကိုလည်း ပြောကြားချင်ပါတယ်” လို့ ထရမ့် က ပြောသွားပါတယ်။

အီရန် ဘက်ကတော့ ယင်းတို့ရဲ့ ဒရုန်းယာဉ် ဆုံးရှုံးမှု သတင်းကို ခုထက်ထိ မရသေးဘူးလို့ ပြောထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags