ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံတွင်  ကုန်စည်ပြပွဲ ပြုလုပ်

19 July 2019
ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံတွင်  ကုန်စည်ပြပွဲ ပြုလုပ်

ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနနှင့်  ဗီယက်နမ် စက်မှုကုန်သွယ်ရေးဦးစီးဌာနတို့မှ  ပြုလုပ်သည့် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်စစ်တပ်နှင့် ပတ်သက်သည့်  ကုမ္ပဏီများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို အဓိကပြသခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲသည် ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနှမှ ပထမဦးဆုံးကျင်းပသည့် ကုန်စည်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထူးအားဖြည့်ပေးရန် ရည်ရွယ်သည်ဟု သိရသည်။

ရိုက်ကူးတင်ဆက်- သဇင်လတ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58922

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly