ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်း ဆေးစွဲသူ လေးသိန်းကျော်ကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့ဟု ဆို

ဖိလစ်ပိုင် မူးယစ်နှိမ်နင်းရေးစစ်ပွဲအတွင်း ဆေးစွဲသူ လေးသိန်းကျော်ကို ပြန်လည်ထူထောင်ပေးနိုင်ခဲ့ဟု ဆို

မနီလာ၊ ဇူလိုင် ၁၈ ။          ။ ဖိလစ်ပိုင်နိုင်ငံမှာ ဆင်နွှဲတဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲရဲ့ သုံးနှစ်တာအတွင်းမှာ ဆေးစွဲသူပေါင်း ၄၂၁၇၂၄  ခန့်ကို ဆေးဖြတ်ပြီး ပြန်လည်ထူထောင်ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

ဖိလစ်ပိုင်ရဲ့ မူးယစ်စစ်ပွဲမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အခွင့်အရေးအဖွဲ့အစည်းတစ်ရပ်က မဲပေးပြီးနောက်မှာ ဖိလစ်ပိုင် သမ္မတရုံး လူ့အခွင့်အရေးကော်မတီ အတွင်းဝန် စီဗာတိုကာတူရာက ခုလို ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

“မီဒီယာတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေဟာ မူးယစ်စစ်ပွဲအတွင်းက အပြုသဘော တိုးတက်မှုတွေကို မဦးတည်ဘဲ သေဆုံးမှုတွေအပေါ်မှာပဲ ပစ်မှတ်ထားနေတယ်။”လို့ အတွင်းဝန် စီဗာတိုက မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကို ဝေဖန်ပြောဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ သူ့ရဲ့ ရွေးကောက်ပွဲ အဓိက ကတိဖြစ်တဲ့ မူးယစ်နှိမ်နင်းရေးကို ၂၀၁၆ ဇွန်လက သမ္မတအဖြစ် ရာထူးတက်လာပြီးချင်း ဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အုပ်စုတွေဟာ ဒီ မူးယစ်စစ်ပွဲအတွင်း လူမဆန်စွာ သတ်ဖြတ်မှုတွေ ရှိနေပြီး လူပေါင်း ၂၇၀၀၀ ကျော် သတ်ဖြတ်ခံရကြောင်း ဝေဖန်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အတွင်းဝန် စီဗာတိုက ဒီ သေဆုံးနှုန်းကို လက်မခံဘဲ ပယ်ချပြီး တက်ကြွလှုပ်ရှားသူတွေဟာ မူးယစ်စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ လူသတ်မှုတွေကိုပါ ပေါင်းထည့်ပြီး သေဆုံးနှုန်းကို လိုသလို ဆွဲပြောနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly