ကွန်ဂိုမှာ အီဘိုလာ ပျံ့ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာ

ကွန်ဂိုမှာ အီဘိုလာ ပျံ့ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေ ကြေညာ

ဇူလိုင် ၁၈ ။             ။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ အီဘိုလာ ပျံ့နှံ့ဖြစ်ပွားနေမှုအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေကို ဇူလိုင် ၁၇ ရက်မှာ ကြေညာသွားခဲ့ပါတယ်။

ကွန်ဂို အီဘိုလာ ဖြစ်ပွားမှုဟာ ယခုအချိန်မှာ နိုင်ငံတကာက စိုးရိမ်ပူပန်ရတဲ့ အများပြည်သူ ဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေဖြစ်နေပြီ ဖြစ်ကြောင်း WHO က ပြောပါတယ်။

ဒါဟာ အစိုးရိမ်ရဆုံး ကျန်းမာရေးအရေးပေါ် အဆင့်အခြေအနေ ရောက်ချိန်မှသာ အသုံးပြုတဲ့ ကြေညာချက်တစ်ရပ်လည်း ဖြစ်ပါတယ်။

ဒုတိယမြောက် လူအသေအပျောက်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ကွန်ဂို အရှေ့ပိုင်း အီဘိုလာကပ်ဘေး ကြုံတွေ့မှုမှာတော့ ဝေးလံတဲ့ အရပ်ဒေသတွေမှာ ကြီးကြီးမားမား ထိန်းချုပ်ထားလိုက်နိုင်ပြီလို့ ထင်မှတ်ခဲ့ရပေမယ့် ယခုသီတင်းပတ်အတွင်း အဓိကကျတဲ့ မြို့ပြအရပ်တွေမှာပါ ယင်းရောဂါ ကူးစက်ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

“ ခုချိန်မှာတော့ ကမ္ဘာက အထူးအလေးထားရတော့မယ့် အချိန် ရောက်လာပါပြီ” လို့ WHO အကြီးအကဲ တက်ဒရိုစ် အက်ဟာနွန် ဂီဘရီယီဆက်စ်က ပြောသွားပါတယ်။

ယခုလို အရေးပေါ် အခြေအနေ ကြေညာခဲ့ပေမယ့် ကွန်ဂို နယ်စပ်တွေကို ပိတ်ထားဖို့ အကြောင်းကိုတော့ WHO က ထုတ်ပြန်ခြင်း မရှိဘဲ ယင်း အီဘိုလာဖြစ်ပွားမှုဟာ ဒေသပြင်ပကို ပြန့်နှံ့နိုင်ခြေ မြင့်မားခြင်း မရှိဘူးလို့ သိရပါတယ်။

၂၀၁၈ က စဖြစ်ခဲ့တဲ့ အီဘိုလာကြောင့် ကွန်ဂိုမှာ လူပေါင်း ၁,၆၀၀ ကျော် သေဆုံံးထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly