ဂျပန် အန်နီမေးရှင်း စတူဒီယို မီးလောင်မှု လူ ၁၃ ဦး သေဆုံးဖွယ်ရှိ

ဂျပန် အန်နီမေးရှင်း စတူဒီယို မီးလောင်မှု လူ ၁၃ ဦး သေဆုံးဖွယ်ရှိ

ဇူလိုင် ၁၈ ။           ။ ဂျပန်နိုင်ငံ ကျိုတိုမြို့က အန်နီမေးရှင်း ကုမ္ပဏီတစ်ခုမှာ ဇူလိုင် ၁၈ ရက်မှာ မီးလောင်မှုဖြစ်ပွားလို့ လူ ၁၃ ဦး သေဆုံးဖွယ် ရှိနေကြောင်း မီးသတ်ဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယင်း မီးလောင်မှုကတော့ ရှို့မီးကြောင့် လောင်ကျွမ်းခြင်း ဖြစ်နိုင်ကြောင်း ယူဆပြီး သက်ဆိုင်ရာက စုံံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။

ယင်းဖြစ်စဉ်မှာ ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လူပေါင်း ၃၀ လောက်လည်း ယခုအချိန်ထိ ရှာမတွေ့သေးဘဲ ဖြစ်နေကြောင်း NHK သတင်းဌာနက ဖော်ပြပါတယ်။

ပြည်တွင်း မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ အမျိုးသားတစ်ဦးဟာ ယင်းနေ့ မနက်ပိုင်းက ကျိုတို အန်နီမေးရှင်း ကုမ္ပဏီ စတူဒီယိုကို ဝင်သွားခဲ့ပြီး အမျိုးအမည် မသိ အရည်တစ်မျိုးနဲ့ ပက်ဖျန်းခဲ့တယ်လို့ သိရပါတယ်။

ယင်း သံသယရှိ အမျိုးသားကို ရဲက လောလောဆယ်မှာ ထိန်းသိမ်းထားကြောင်း၊ ဒဏ်ရာတွေ ရသွားလို့ ဆေးရုံမှာ ရှိနေကြောင်း သိရပါတယ်။

မီးလောင်မှုကတော့ အန်နီမေးရှင်း ကုမ္ပဏီ သုံးထပ် အဆောက်အအုံမှာ မနက် ဆယ်နာရီခွဲခန့်က လောင်ကျွမ်းတာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲလို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly