အီရတ်နိုင်ငံမှာ ပစ်ခတ်မှုဖြစ်ပွားရာမှာ တူရကီ ဒုတိယကောင်စစ်ဝန် သေဆုံး

အီရတ်နိုင်ငံမှာ ပစ်ခတ်မှုဖြစ်ပွားရာမှာ တူရကီ ဒုတိယကောင်စစ်ဝန် သေဆုံး

ဘဂ္ဂဒက်၊ ဇူလိုင် ၁၈ ။            ။ အီရတ်နိုင်ငံမှာ ဇူလိုင် ၁၇ ရက်က ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားရာမှာ သေဆုံးခဲ့သူ နှစ်ဦးမှာ တစ်ဦးက အီရတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသဆိုင်ရာ တူရကီ လက်ထောက်ကောင်စစ်ဝန်ဖြစ်ကြောင်း သိရပါတယ်။

ခုလို လက်ထောက်ကောင်စစ်ဝန် ပစ်သတ်ခံရတာအတွက် တူရကီနိုင်ငံဖက်က လက်တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

စားသာက်ဆိုင်တွေ အများအပြားရှိပြီး တူရကီ ကောင်စစ်ဝန်ရုံး ရုံးစိုက်ရာ အားဘေးပြည်နယ် အိန်းကာဝါအရပ်က စားသောက်ဆိုင်တစ်ဆိုင်မှာ တူရကီ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေကို  သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုနောက်ပိုင်း ဖြစ်ပွားရာ စားသောက်ဆိုင်ကို လက်နက်ကိုင် အစောင့်အကြပ်တွေ လုံခြုံရေးချထားတာကို မြင်တွေ့ရပါတယ်။

ပစ်ခတ်မှုကို ခုချိန်ထိ ဘယ်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာတာမျိုး မရှိသေးပါ။ ဒါေပေမယ့် တူရကီနိုင်ငံဟာ အီရတ်မှာ အခြေစိုက်ထားတဲ့ ကာဒစ်စတန်အလုပ်သမားပါတီ PKK အဖွဲ့ကို ပြင်းပြင်းထန်ထန် ထိုးနှက်ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

“စားသောက်ဆိုင်ရှေ့မှာ ပစ်ခတ််မှု ဖြစ်တာပါ။ တူရကီ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတစ်ဦးနဲ့ အရပ်သား တစ်ဦး သေဆုံးပါတယ်။ ဒဏ်ရာရသူ သုံးဦး ရှိပါတယ်။”လို့ ကာ့ဒ်ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သေဆုံးတဲ့ သံတမန်ဟာ တူရကီ ဒုတိယကောင်စစ်ဝန်ဖြစ်ကြောင်း ဌာနေရဲသတင်းရင်းမြစ်က ပြောပြီး ပစ်ခတ်သူဟာ ထွက်ပြေးသွားကြောင်း ဖြည့်စွက်ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly