မူးယစ်ရာဇာ အယ်လ်ချာပို၏ သမီးက ဖခင်အမည်ပါ အဝတ်အစားအမှတ်တံဆိပ်တစ်ခု ထုတ်လုပ်ရောင်းချ

မူးယစ်ရာဇာ အယ်လ်ချာပို၏ သမီးက ဖခင်အမည်ပါ အဝတ်အစားအမှတ်တံဆိပ်တစ်ခု ထုတ်လုပ်ရောင်းချ

ဇူလိုင် ၁၇ ။             ။ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့ သမီးဖြစ်သူက ယခုအခါ သူမရဲ့ ဖခင် နာမည်ပါ အဝတ်အစား အမှတ်တံဆိပ်တစ်ခုကို ဖန်တီးရောင်းချနေလျက် ရှိကြောင်း သိရပါတယ်။

အယ်လ်ချာပိုရဲ့ သမီးဖြစ်သူ ထုတ်လုပ်တဲ့ အဝတ်အစား အမှတ်တံဆိပ်အောက်မှာတော့ ရှပ်အင်္ကျီ၊ ဦးထုပ်၊ ဂျင်းအပြာနဲ့ အခြားသော fancy အဝတ်အစားတွေ ပါနေတယ်လို့ ဆိုပါတယ်။

ယင်းတို့ကိုတော့ မက္ကဆီကို နိုင်ငံ Guadaljara မြို့မှာ ယင်းတို့ကို ရောင်းချနေတာဖြစ်ပါတယ်။

အယ်ချာပိုရဲ့ သားသမီး ဆယ်ဦးအနက် တစ်ဦးဖြစ်တဲ့ သမီးဖြစ်သူ အလီဂျန်ဒရင်နာ ဂစ်ဆဲလ်လီ ဂုဇ်မန်ကတော့ လက်ရှိမှာ “El Chapo 701” ဆိုတဲ့ အဝတ်အစား အမှတ်တံဆိပ်ကို စျေးကွက်တင် ရောင်းချနေတာဖြစ်ပါတယ်။

ဒါဟာ ဖခင်ဖြစ်သူရဲ့ မီဒီယာပေါ်မှာ ကျော်ဇောမှုကို အသုံးချပြီး ယခုလို အကျိုးအမြတ် ရအောင်  အသုံးချလုပ်ကိုင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကမ္ဘာမှာ သြဇာအကြီးဆုံး မူးယစ် ရာဇာလို့ ယူဆရတဲ့ အယ်လ်ချာပိုကတော့ လက်ရှိမှာ အမေရိကန်မှာ အမှုရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့လတွေအတွင်း ၎င်းအပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း တရားရုံးမှာ ဆုံးဖြတ်ထားခဲ့ပြီးနောက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံရဖို့ ရှိနေပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly