သားဦးမေမေတို့သိချင်နေမယ့် အရာများ

သားဦးမေမေတို့သိချင်နေမယ့် အရာများ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
မကြာခင်မှာ အသစ်စက်စက်မေမေဖြစ်တော့မယ့် Hello ဆရာဝန်ပရိသတ်ကြီးတွေများရှိနေလား။ ကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အစ်မ ဒါမှမဟုတ် သူငယ်ချင်းတွေအတွက်ပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးက ဖတ်ထားသင့်ပါတယ်နော်။ ဘာလို့ ဒီဆောင်းပါးကို ဖတ်သင့်တယ်၊လို့ပြောရလဲဆိုတာ အကြောင်းအရင်းရှိပါတယ်။ ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုရင် သူတို့အဆင်ပြေပါ့မလားဆိုက တစ်နေ့တာရဲ့ ၂၄ နာရီမှာ ၁၆ နာရီမကကိုတွေးမိနေမှာပါ။ သိချင်မိတဲ့ မေးခွန်းပေါင်းကလည်း သောင်းခြောက်ထောင်ပေါ့။ ဒီလိုသိချင်လောက်မယ့် မေးခွန်းတွေကို ဒီဆောင်းပါးလေးထဲမှာပြောပြပေးမှာဖြစ်လို့ပါနော်။
အသစ်စက်စက်မေမေတို့သိချင်လောက်မယ့်မေးခွန်းလေးတွေ

(၁) ကလေးလေးက မွေးလာလာချင်းနို့စို့တတ်ပါ့မလား။

ကလေးလေးတော်တော်များများက မွေးလာလာချင်းမှာ ဗိုက်ဆာနေတတ်ကြပြီး ကလေးကမိခင်နို့ကိုသောက်ဖို့အ ဆင့်သင့်ဖြစ်နေတတ်ကြပါတယ်။ မိခင်နို့နဲ့ သူတို့ပါးစပ်လေးကိုထိတွေ့ပေးလိုက်တာနဲ့ သဘာဝပေးထားတဲ့ အသိအရနို့စစို့တော့တာပါပဲ။ နို့ကိုဘေဘီဘေးက ချက်ချင်းမစို့ဖြစ်ရင်တောင်မှ မွေးပြီးချိန်ကနေ နာရီဝက်အတွင်းမှာ နို့စစို့ပါလိမ့်မယ်။ နို့ မစို့တတ်မှာ မပူပါနဲ့နော်။

(၂) ကလေးလေးကနို့ဝပါ့မလား။

ကလေးကနို့ဝပါ့မလား၊လို့စိတ်ပူနေမိလား။ စိတ်မပူပါနဲ့နော်။ မွေးကင်းစကလေးရဲ့ အစာအိမ်က တော်တေ်ာလေးသေးပါတယ်။ ဒါကြောင့် ကလေးကနို့အများကြီးမစို့နိုင်သေးပါဘူး။ နည်းနည်းချင်းနဲ့ အကြိမ်ရေများများတော့စို့နိုင်ပါတယ်။

(၃) ဘယ်လောက်တစ်ကြိမ်နို့တိုက်ရမလဲ။

မေမေတွေနောက်ထပ်စိတ်ပူမိနိုင်တာတစ်ခုက ကလေးကို ဘယ်လောက်တစ်ကြိမ်နို့တိုက်ရပါ့မလဲ။ ကလေးကဆာနေတာကိုမသိလို်ဘဲ နို့မတိုက်မိမှာကို စိတ်ပူမိနိုင်ပါသေးတယ်နော်။

(၄) ကလေးကနို့ဆာနေလားဆိုတာကို ဘယ်လိုသိနိုင်မှာလဲ။

ကလေးလေးတွေနို့ဆာတဲ့အခါ သူတို့လက်ကို သူတို့စုပ်တာ၊ နှုတ်ခမ်းလေးကို ကျွတ်ကျွတ်မြည်အောင်စုတ်တာ၊ ပါးစပ်ကလေးဖွင့်ပြီး မိခင်နို့ကိုရှာတာမျိုး လုပ်နိုင်ပါတယ်။ ကလေးကအိပ်မနေဘူးဆိုရင် ကလေးကို ညင်ညင်သာသာလေးထွေးပွေ့လို့ နို့နားမှာ ပါးစပ်လေးတေ့ပေးကြည့်လိုက်ရင်လည်း နို့ဆာနေလားဆိုတာကို သေသေချာချာကိုသိရမှာပါ။

(၅) ဘယ်လောက်တစ်ကြိမ်နို့တိုက်မလဲ။

ဒါကတော့ ဘေဘီလေးတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ကလေးလေးတွေက ငိုလေလေ ဆာတတ်လေလေပါနော်။ သူတို့လေးတွေရဲ့ ကိုယ်တွင်းကဟော်မုန်းလေေးတွေပြောင်းလဲတာကြောင့် ဆာလောင်မှုကပိုဖြစ်လာရတာပါ။ ကလေးက အငိုသန်ရင်တော့ ခဏခဏကိုနို့တိုက်ဖို့လိုမှာပါ။ နောက်တစ်ချက်က ကလေးတွေရဲ့ အစာအိမ်က အရမ်းသေးငယ်နေသေးတာကြောင့် တစ်ခါတိုက်ရင် နည်းနည်းချင်းနဲ့ အကြိမ်ရေများများတိုက်ပေးရမှာပါ။

(၆) တစ်ခါနို့တိုက်ရင် ဘယ်လောက်ကြာကြာတိုက်ရမလဲ။

ကလေးကိုနို့တိုက်တဲ့အခါ ဘယ်လောက်ကြာကြာတိုက်ရမယ်လို့မရှိပါဘူး။ ကလေးကနို့ဝတဲ့အခါ နို့ကို ဆက်မသောက်တော့တာမျိုး၊ နို့ကိုပါးစပ်ကနေဖြုတ်တာမျိုးလုပ်ပါလိမ့်မယ်။ ဒါက သူနို့ဝသွားပြီဆိုတဲ့သဘောပါ။ ဒါကြောင့် ဘယ်လောက်ကြာကြာနို့တိုက်ရမယ်လို့ အချိန်အတိအကျသတ်မှတ်ချက်မရှိပါဘူးနော်။ဘေဘီက အစားပုတ်လေးဆိုရင်တော့ နို့စို့ချိန်ကပိုကြာနိုင်ပြီး ခဏခဏလည်းဆာနိုင်ပါတယ်နော်။

(၇) ကလေးနို့ဝပြီလား ဘယ်လိုသိနိုင်မလဲ။

ကလေးတွေကနို့ဝပြီဆိုတာကို နို့ဆက်မစို့တော့ဘဲ အချက်ပြပါလိမ့်မယ်။ အရမ်းကြီးစိုးရိမ်နေဖို့မလိုပါဘူးနော်။ နို့ဝတဲ့အခါ နို့သီးခေါင်းကိုပါးစပ်ကနေဖြုတ်လို့အိပ်သွားတာမျိုးရှိနိုင်သလို နို့ဆက်စို့ဖိုငြင်းဆန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကလေးကနို့ဝနေပြီဆိုတဲ့ အဓိပ္ပါယ်ပါနော်။ ကလေးကို မွေးစမှာ တစ်နေ့ကို နို့ ၈ ကြိမ်ကနေ ၁၂ ကြိမ်အထိတိုက်ပေးသင့်ပါတယ်နော်။

ကဲ အသစ်စက်စက်မေမေတို့ရေ သဘာဝတရားကြီးကဘေဘီလေးကိုလိုအပ်တဲ့ အသိဉာဏ်တွေထည့်ပေးလိုက်မှာဆိုတော့ အရမ်းကြီးစိတ်ပူမနေဖို့ပြောပါရစေ။ အခုချိန်မှာ ဘာမှမလုပ်တတ်သေးပေမယ့် မိခင်မေတ္တာကြောင့် ကလေးကို အကောင်းဆုံးပျိုးထောင်ပေးနိုင်မှာပါနော်။ အရာရာကို စိတ်တအားကြီးစိတ်မပူပါနဲ့……..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly