တီရဲလ်ထန်အနိုင်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်ဆိုတဲ့ အောင်လအန်ဆန်

တီရဲလ်ထန်အနိုင်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်တယ်ဆိုတဲ့ အောင်လအန်ဆန်
ဓာတ်ပုံ-တီရဲလ်ထန်

ဇူလိုင် ၁၇ ။       ။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနားပြည်နယ်မှာ ပြုလုပ်တဲ့ Middleweight Wresting Champion ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အပေါ် ဝမ်းမြောက်ကြောင်း အောင်လအန်ဆန်က လူမှုကွန်ရက်မှာ ချီးကျူးခဲ့ပါတယ်။

“ Middleweight Wresting Champion ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် တီရဲလ်ထန် “The Dragon Leg” အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ ချင်းလူမျိုးစုတွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ကိုယ့်ခံပညာရပ်များရှိနေတာဟာ အံ့အားသင့်ဖွယ်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစုတွေရဲ့ မတူညီတဲ့ ကိုယ်ခံပညာရပ်ကိုယ်စီ ရှိနေကြတာ ဘယ်လောက်တောင် ကောင်းလိုက်လဲဗျာ” လို့ ဇူလိုင် ၁၇ ရက်မနက်အစောပိုင်းက ရေးသားထားတာပါ။

တီရဲလ်ထန်ကို အောင်လအန်ဆန်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးနေခဲ့တာဖြစ်ပြီး One Championship မှာ ယှဉ်ပြိုင်ကစားဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

တီရဲလ်ထန်ကလည်း မိသားစုဓာတ်ပုံကို တင်ပြီး WPC မှာ အနိုင်ရရှိကြောင်း ရေးသားထားပါတယ်။

တီရဲလ်ထန်သည်ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကိုရူးသွပ်စွာခုံမင်ခဲ့သူတစ်ဦးဖြစ်ပြီး အလုပ်ကို စွန့်လွှတ်ကာ မြန်မာစပါးအုံး အောင်လအန်ဆန်ထံမှ အကူအညီရယူ၍ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစား လောကကို ခြေစုံပစ်ဝင်ခဲ့သူ ဖြစ်ပါတယ်။

သူက ONE: Reign of Valor ပြိုင်ပွဲတွင် ကမ္ဘောဒီးယား ကစားသမား Rin Saroth ကို ဒိုင်ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိထားပါသေးတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required