တပ်ချုပ်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များကို အမေရိကန် အရေးယူ ပိတ်ဆို့

တပ်ချုပ်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များကို အမေရိကန် အရေးယူ ပိတ်ဆို့
(File) Myanmar military commander-in-chief Senior General Min Aung Hlaing salutes as he pays homage to late General Aung San and other leaders of the pre-independence Myanmar government during a ceremony marking the 71st Martyrs' Day at the Martyrs' Mausoleum in Yangon, Myanmar, 19 July 2018. Photo: Lynn Bo Bo/EPA

ဇူလိုင် ၁၇ ။          ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခြား စစ်တပ် ထိပ်ပိုင်းအရာရှိကြီးသုံးဦးကို အရေးယူဆန်ရှင်ချမှတ်ကြောင်း အမေရိကန်က ဇူလိုင် ၁၆ ရက်မှာ ကြေညာသွားခဲ့ပါတယ်။

ဒါဟာ ဘင်္ဂါလီ (မူလအခေါ် ရိုဟင်ဂျာ) မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်လို့ စွပ်စွဲပြီး အရေးယူပိတ်ဆို့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ နှစ် နှစ်အကြာက ဘင်္ဂါလီ ၇၄၀,၀၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးစေခဲ့တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုပြီး ခုလို အမေရိကန်က မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူတာဖြစ်ပါတယ်။

ခုလို ပိတ်ဆို့အရေးယူမှုကတော့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အခြားစစ်တပ် ထိပ်ပိုင်းအရာရှိ  သုံးဦးနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ဆီ လာရောက်ခွင့် ပိတ်ပင်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်ချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင် တို့ နဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို ယခုလို ဆန်ရှင်ချမှတ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

“ ဒီ ကြေညာချက်နဲ့အတူ မြန်မာ့တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေကို အမေရိကန်က ပထမဆုံး အရေးယူပြလိုက်တာ ဖြစ်ပါတယ်” အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးက ပြောပါတယ်။

“ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို ထုတ်ဖော်တာဝန်ခံခိုင်းဖို့ မြန်မာအစိုးရက အရေးယူလုပ်ဆောင်ခြင်း မရှိတဲ့အပေါ် မိမိတို့ စိုးရိမ်ပူပန်နေရဆဲဖြစ်ပါတယ်၊ မြန်မာစစ်တပ်က နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ဆက်ပြီး ပေါ်ထွက်နေပါတယ်” လို့ ၎င်းက ထုတ်ဖော်ကြေညာသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly