လူမျိုးရေးခွဲခြားတယ်ဆိုကာ သမ္မတ ထရမ့်ကို အောက်လွှတ်တော် ရှုတ်ချ

လူမျိုးရေးခွဲခြားတယ်ဆိုကာ သမ္မတ ထရမ့်ကို အောက်လွှတ်တော် ရှုတ်ချ

၀ါရှင်တန်၊ ဇူလိုင် ၁၇ ။        ။ အမျိုးသမီး လွှတ်တော်အမတ် လေးဦးကို ထိုးနှက်ပြောဆိုမှုတွေ လုပ်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကို အမေရိကန် အောက်လွှတ်တော်က ရှုတ်ချကြောင်းမဲပေးခဲ့ကြပါတယ်။

ထရမ့်ရဲ့ လူမျိုးရေးခွဲခြားတဲ့ ပြောဆိုချက်တွေဟာ အသားအရောင်ကွဲပြားသူတွေနဲ့ အမေရိကန်မှာ နေထိုင်သူတွေအတွက် ကြောက်ရွံ့မှုတွေ၊ အမုန်းတရားတွေကို တရားဝင်ဖြစ်စေကြောင်း အောက်လွှတ်တော်က ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေကို မူရင်းနိုင်ငံဆီ ပြန်ကြတော့လို့ ထရမ့်ရဲ့ ပြောဆိုချက်ဟာ လူမျိုးရေး ခွဲခြားတဲ့ စိတ်ထား၊ အသားအရောင်ခွဲခြားတဲ့ သဘောထားတွေကို လှစ်ဟပြနေကြောင်း သမ္မတ ထရမ့်က စွပ်စွဲခံထားရတာပါ။

“သွေးသားထဲမှာ လူမျိုးရေးခွဲခြားတဲ့ စိတ် ရှိမနေဘူး။”လို့ ထရမ့်က တွွစ်တာကနေ ရေးသားထားပါတယ်။

ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွွှတ်တော်မှာ သမ္မတ ထရမ့်ကို ရှုတ်ချကြောင်းအဆိုကို ထောက်ခံမဲ ၂၄၀၊ ကန့်ကွက်မဲ ၁၈၇ မဲနဲ့ အတည်ပြုလိုက်တာပါ။

ဒီ ဆုံးဖြတ်အတည်ပြုချက်ကို မဲပေးရာမှာ ဒီမိုကရက်အမတ် ၂၃၅ ဦးစလုံးက ထောက်ခံမဲပေးသလို ရီပတ်ဘရီကန်ပါတီက လေးဦးကလည်း ထောက်ခံမဲပေးရာမှာ ပါဝင်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly