ဝန်ကြီးဌာနအသစ် ဖွဲ့စည်းမှုအတွက် အစိုးရကို ပြည်ခိုင်ဖြိုး မေးခွန်းထုတ်

15 July 2019
ဝန်ကြီးဌာနအသစ် ဖွဲ့စည်းမှုအတွက် အစိုးရကို ပြည်ခိုင်ဖြိုး မေးခွန်းထုတ်

ဝန်ကြီးဌာနအသစ်ဖွဲ့စည်းမှုအတွက် အစိုးရအနေဖြင့် ပြည်သူများကို ရှင်းလင်းထုတ်ပြန်ပေးရန် ပြည်ခိုင်ဖြိုးပါတီက တောင်းဆိုခဲ့သည်။

“လူဝင်မှုကြီးကြပ်ရေးနှင့်လူ ့စွမ်းအင်အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဆိုပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ဖွဲ ့မှာကိုတော့ ကျွန်တော်တို ့အနေနဲ ့ဖွဲ ့စည်းပုံအခြေခံဥပဒေနဲ့လည်း ကိုက်ညီမှုမရှိခြင်း၊ ဝန်ကြီးဌာန လုပ်မယ့်အခြေအနေ ဘာတွေကိုဖော်ဆောင်မှာလဲဆိုတဲ့ အနေအထားတွေကို ပြည်သူလူထုကို ရှင်းပြမှု မရှိ ခြင်း၊ ဝန်ကြီးဌာနဖွဲ ့စည်းတဲ ့ဆိုတာနဲ ့ ဘယ်ဝန်ထမ်းအင်အားကိုသုံးစွဲမှာလဲ။ ဌာနကြီးတစ်ခုလုံးကို အသစ် ဖွဲ့ပြီး ဝန်ထမ်းတွေ အသစ်ခန် ့ကြမှာလား။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဝန်ကြီးဌာန အသစ်ခန် ့ မှာကိုတော့ ကျွန်တော်တို ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေနဲ ့ရှင်းလင်းမသိရသေးတာအတွက် ရှင်းလင်း ချပြပေးပါလို ့တောင်းဆိုတာပဲဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံဖြိုးရေးပါတီမှ ဦးဝင်းကိုက်ိုက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသည် ဇူလိုင်လ ၁၅ရက်နေ ့တွင် ယင်းတို့၏ ပါတီရုံး၌ မီဒီယာများကိုတွေ့ဆုံပြီး ပါတီ၏ သဘောထား ထုတ်ပြန်ချက်နှင့် သတင်းထုတ်ပြန်ချက်များကို ရှင်းလင်းပြောဆိုခဲ့သည်။
ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly