ခြေဥပြင်ဆင်ရေးတွင် အမျိုးသားရေး လက္ခဏာများကို ထိပါးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပြည်ခိုင်ဖြိုးဆို

15 July 2019
ခြေဥပြင်ဆင်ရေးတွင် အမျိုးသားရေး လက္ခဏာများကို ထိပါးပါက ပြင်းထန်စွာ တုံ့ပြန်မည်ဟု ပြည်ခိုင်ဖြိုးဆို

၂၀၀၈ဖွဲ ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုတွင် အမျိုးသားရေးစရိုက်လဏ္ခများကိုထိပါးလာပါက ပြင်းထန်စွာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေကြီး၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက ထုတ်ပြန် ခဲ့သည်။

“၂၀၀၈ဖွဲ ့စည်းပုံအခြေခံဥပဒေဟာ ပြီးပြည့်စုံသော ဖွဲ ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ ဒီဖွဲ ့စည်းပုံအခြေခံ ဥပဒေကို မထိနဲ ့မပြင်ရဘူးလို ့ကျွန်တော်တို ့ပြည်ခိုင်ဖြိုးပါတီ ခံယူထားခြင်းမရှိပါဘူး။ ဖွဲ ့စည်းပုံအခြေခံ ဥပဒေတွေဟာ ခေတ်စနစ်နဲ ့အညီခေတ်ကာလအပေါ်မှာမူတည်ပြီးတဲ့အခါမှ မဆီလျော်ခဲ့ရင် ပြင်ဆင်ရမယ်။ ပြုပြင်ရမယ်။ပြောင်းလဲရမယ်ဆိုတာကို ပြည်ခိုင်ဖြိုးပါတီက လက်ခံထားပြီးဖြစ်ပါတယ်။ သို ့သော်မပြင်ဆင်တဲ့ အချက်တွေကိုပြင်ဆင်လာမယ်ဆိုရင် နိုင်ငံ့အရေးအရာတွေနဲ ့ဆက်စပ်ပြီးတော့၊နိုင်ငံရဲ ့ အချုပ်အခြာ အာဏာ ကို ထိပါးလာမယ် အမျိုးသားရေးစရိုက်လဏ္ခထိပါးလာရင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အဆင့်ဆင့် အသီးသီးမှာရှိကြသော ပါတီဝင်ထုကတော့ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ၊ဇွတ်အဓမ္မ ဥပဒေကိုကျော်လွှားပြီးတော့ ဖွဲ ့စည်းပုံအခြေခံဥပဒေကို ဇွတ်ပြင်မယ်ဆိုရင် ကျွန်တော်တို ့က အပြင်းအထန်တုံ့ပြန်ကန် ့ကွက် ဆောင်ရွက် သွားမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိ်ုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းကိုကို က ဇူလိုင်လ ၁၅ရက်နေ ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ တိုင်းရုံးတွင် မီဒီယာ များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ တွင် ပုဒ်မပေါင်း ၄၅ရခု၊အခန်း ၁၅ခန်းပါဝင်ပြီး အချို့ပုဒ်မများအား ခေတ်ကာလ နှင့်အညီ ပြင်ဆင်ရန်နှင့် ထိုသို ့ပြင်ရာတွင် အမျိုးသားရင်ကြားစေ့ရေးကို မပျက်ပြားစေဘဲ နိုင်ငံတော်နှင့် အမျိုးသား အကျိုးစီးပွားကို မထိခိုက်စေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများအတိုင်း ဆောင်ရွက်ရန် မိမိတို ့ပါတီဝင်များအနေဖြင့် လက်ခံယုံကြည်ပါကြောင်းနှင့် ဥပဒေနှင့်မညီသော ကြိုးစား ဆောင်ရွက်မှုများကို ကန် ့ကွက်ပါကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ခဲ့သည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly