အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အားပြင်းငလျင်လှုပ်၊ ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေး

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အားပြင်းငလျင်လှုပ်၊ ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေး

ဇူလိုင် ၁၆ ။          ။ အင်ဒိုနီးရှားနိုင်ငံ အားလပ်ရက် အပန်းဖြေကျွန်း ဘာလီမှာ ဇူလိုင် ၁၆ ရက်က အားပြင်း မြေငလျင်တစ်ခု လှုပ်ခဲ့ရာ ဒေသခံတွေ အထိတ်တလန့် ထွက်ပြေးခဲ့ကြရကြောင်း သိရပါတယ်။

ငလျင်ကြောင့် အဆောက်အအုံအများအပြားလည်း ပျက်စီးသွားတယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့က ပြောပါတယ်။

ပြင်းအား ၅ ဒသမ ၇ အဆင့်ရှိ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၈ မိနစ်က လှုပ်ခဲ့တာဖြစ်ပြီး ကျွန်းရဲ့ မြို့တော် ဒန်ပါဆာရဲ့ အနောက်တောင်ဘက် ၈၂ ဒသမ ၁ ကီလိုမီတာ အကွာနေရာကို ဗဟိုပြုခဲ့တာဖြစ်ကြောင်း USGS ရဲ့ အဆိုအရ သိရပါတယ်။

ဂျာဗားကျွန်းပေါ်ကနေတောင် သိရှိခံစားခဲ့ရတဲ့ ယင်းငလျင်ဟာ အနက် ၉၁ ကီလိုမီတာ ရှိခဲ့ကြောင်း သိရပါတယ်။

ငလျင် လှုပ်ပြီးနောက် ဆူနာမီ သတိပေးချက်တော့ ထုတ်ပြန်ခဲ့ရခြင်း မရှိပါဘူး။

ငလျင် လှုပ်ချိန်မှာ ကြောက်လန့်တကြား ဖြစ်ခဲ့ကြရပုံတွေကို ဘာလီ ဒေသခံတွေက ပြန်လည်ပြောဆိုမှုတွေ ရှိနေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly