AA က ဖမ်းဆီးထားသည့် အရပ်သားတစ်ဦး၏ ဗီဒီယိုကို ထုတ်ဖော်ပြသ

AA က ဖမ်းဆီးထားသည့် အရပ်သားတစ်ဦး၏ ဗီဒီယိုကို ထုတ်ဖော်ပြသ
Zin Aung, an official from the government’s Land Records Department, one of four people the AA is currently holding, says soldiers have been treating him well. Arakan Army video screenshot

ဇူလိုင် ၁၆ ။         ။ ရက္ခိုင့်တပ် AA မှ ၄ လကြာ ဖမ်းဆီးထားတဲ့ အရပ်သားတစ်ဦး၏ ဗီဒီယိုအတိုတစ်ခုကို ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက် ချင်းပြည်နယ်၊ ပလက်ဝမြို့က ရွာတစ်ရွာမှာ အစိုးရစစ်တပ် ထိန်းချုပ်ထားတဲ့ မဟာဗျူဟာကျတောင်ကုန်းတစ်ခုကို စီးနင်းပြီးနောက် အမျိုးသား ၁၁ ဦးကို လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ အတူ ဖမ်းဆီးထားခဲ့ကြောင်း အစောပိုင်းက AA ဘက်မှ ထုတ်ပြန်ထားခဲ့ပါတယ်။

တစ်မိနစ်နဲ့ စက္ကန့် ၂၀ ကြာမြင့်တဲ့ ဗီဒီယိုထဲမှာတော့ AA က လက်ရှိ ဖမ်းဆီးထားတဲ့ လူလေးဦးအနက် တစ်ဦးဖြစ်တဲ့ ကိုဇင်အောင်က ၎င်းကို စစ်သားတွေ ကောင်းကောင်းဆက်ဆံကြောင်း ပြောဆိုသွားခဲ့တယ်လို့ RFA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

ဒီ ဗီဒီယိုထုတ်ဖော်မှုကတော့ AA ဘက်က အများအာရုံစိုက်မှု ရဖို့ ရည်ရွယ်တဲ့ လုပ်ရပ်တစ်ခုသာဖြစ်ကြောင်း စစ်တပ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းဇော်ဦးက ပြောဆိုသွားပါတယ်။

ရက္ခိုင့်တပ် AA နှင့် တပ်မတော်အကြား ၂၀၁၈ ခုနှစ် ဒီဇင်နှောင်းပိုင်းမှစတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေတာပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly