ပြင်သစ်မှာ ရထားနဲ့ ကားတိုက်မိမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်သုံးဦး သေဆုံး

ပြင်သစ်မှာ ရထားနဲ့ ကားတိုက်မိမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်သုံးဦး သေဆုံး

ဇူလိုင် ၁၆ ။           ။ ပြင်သစ်နိုင်ငံအရှေ့ပိုင်းက အက်ဗီနေ ဗယ်လ်ဒီအော ဒေသ ရထားလမ်းကူးတစ်ခုမှာ ဇူလိုင် ၁၅ ရက်က ရထားနဲ့ ကား တိုက်မိမှုဖြစ်လို့ အမျိုးသမီးတစ်ဦး၊ ကလေး သုံးဦးတို့ သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရင်းမ်စ် မြို့ကနေ အက်ပါရ်နေး အရပ်ဆီ ခုတ်မောင်းလာခဲ့တဲ့ ရထားပေါ်ပါ လူလေးဦးလည်း ယင်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာတွေ ရသွားကြောင်း ဒေသခံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အကြီးဆုံး ကလေးငယ်ဟာ အသက် ၁၀ နှစ်ခန့် ဖြစ်ကြောင်း၊ ကားမောင်းလာသူ အမျိုးသမီးရဲ့ သမီးဖြစ်ကြောင်း၊ ကျန် ကလေးနှစ်ဦးမှာလည်း အလွန် ငယ်ရွယ်သေးကြောင်း အက်ဗီနေ ဗယ်လ်ဒီအော မြို့တော်ဝန် ဖိလစ်ပီ မော်စီရာက ပြောပါတယ်။

ယခု ဖြစ်စဉ် ဖြစ်ပွားခဲ့ပေမယ့် ယင်း ရထားလမ်းကူးဟာ ရထား၊ကား တိုက်နိုင်ခြေ မြင့်မားတဲ့ ဇုန်ထဲမှာ မပါဝင်ကြောင်း မီးရထား အခြေခံအဆောက်အအုံ စီမံခန့်ခွဲမှု ဌာန SNCF ရဲ့ အကြီးအကဲ ရက်ဆဲ ပက်ထရစ်က ပြောပါတယ်။

နိုင်ငံတွင်းက ရထားလမ်းကူးတွေရဲ့ ဘေးကင်းလုံခြုံမှုပိုင်းကို မြှင့်တင်သွားဖို့ အစီအစဉ်တွေ ရှိတယ်ဆိုပြီး ယခုနှစ် အစောပိုင်းက ပြင်သစ် သယ်ယူပို့ဆောင်ရေး ဝန်ကြီး အဲလိစဘတ် ဘွန်းက ကြေညာထားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly