အဂတိလိုက်စားမှုအတွက် အစစ်မခံရခင် သီချင်းဆို ကနေတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့တဲ့ ဇူးမား

အဂတိလိုက်စားမှုအတွက် အစစ်မခံရခင် သီချင်းဆို ကနေတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့တဲ့ ဇူးမား

ဇူလိုင် ၁၆ ။          ။ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်အာဖရိကသမ္မတဟောင်း ဂျက်ကော့ ဇူးမားကတော့ ၎င်း ကပြ သီချင်းဆိုနေတဲ့ ဗီဒီယိုတစ်ခုကို ယမန်နေ့ ဇူလိုင် ၁၅ ရက်မှာ အွန်လိုင်းပေါ် ဝေမျှခဲ့ပါတယ်။

ဒါဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တစ်ခုထံမှာ သွားရောက် အစစ်မခံရခင် တစ်ရက်အလို ခုလို သူကိုယ်တိုင် ဆိုက နေတဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့တာဖြစ်ပါတယ်။

ဇူးမားကတော့ လက်ရှိအချိန် သူ့အပေါ် စွပ်စွဲထားတဲ့ ခြစားမှု စွဲချက်အားလုံးနဲ့ပတ်သက်လို့ ပယ်ချ ငြင်းဆန်ထားလျက် ရှိပါတယ်။

နိုင်ငံမှာ ၎င်း အာဏာရခဲ့တဲ့ ကိုးနှစ်သက်တမ်းကာလအတွင်း နိုင်ငံပိုင် ငွေကြေးများကို ခိုးဝှက်မှုတွေမှာ ဦးစီးခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ဇူးမားကိုတော့ ယမန်နှစ် ၂၀၁၈ မှာ အာဏာရ ANC ပါတီက ဖြုတ်ချခဲ့ပြီး  ၎င်းရဲ့ လက်ထောက် ဆိုင်ရီလ် ရာမာဖိုဆာနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly