မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနဲ့ ကြုံနေတဲ့ အိန္ဒိယမှာ အဆောက်အအုံ ပြိုကျမှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံး

မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနဲ့ ကြုံနေတဲ့ အိန္ဒိယမှာ အဆောက်အအုံ ပြိုကျမှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံး

နယူးဒေလီ၊ ဇူလိုင် ၁၅ ။             ။ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းလို့ ရေကြီးမြေပြိုမှုတွေကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း သေဆုံးထားတဲ့ အိန္ဒိယနိုင်ငံမှာ ဇူလိုင် ၁၄ ရက်က မြောက်ပိုင်းနယ်မြေက အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပြီး လူ ၁၄ ဦး သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြေနိမ့်ပိုင်းမှာ ဘင်္ဂလီမွတ်စလင် ဒုက္ခသည်စခန်းတွေ ရှိနေရာ ဟိမဝန္တာတောင်စောင်းမှ မြေပြိုမှုဖြစ်တာကြောင့် သေဆုံးသူ ထပ်တိုးနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ခုနှစ် မိုးရာသီရဲ့ မုတ်သုံမိုး သည်းထန်မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်း ပြီးခဲ့တဲ့ သီတင်းတစ်ပတ်အတွင်း လူပေါင်း ၂၉ ဦး အထိ သေဆုံးထားပါတယ်။ ဒီ သေဆုံးသူတွေမှာ ၁၈ ဦးကို မိုးကြိုးပစ်ချခံရလို့ ဖြစ်ပြီး လှိုင်းကြမ်းတဲ့ ပင်လယ်အော်မှာ စက်လှေနစ်မြုပ်လို့ ခုနစ်ဦး သေဆုံးပါတယ်။

အိန္ဒိယနိုင်ငံက အခု အဆောက်အအုံ ပြိုကျမှုဟာ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်က တောင်စောင်းတစ်ခုပေါ်က လေးထပ်တိုက် ပြိုကျတာ ဖြစ်ပြီး ပြိုကျချိန်မှာ တိုက်ထဲ ပါတီပွဲ ကျင်းပနေတာကြောင့် ပိတ်မိနေသူတွေ ရှိနေပါတယ်။

မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းအပြီး တနင်္ဂနွေနေ့မှာ အဲဒီ လေးထပ်တိုက်ဟာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပြိုကျအပျက်အစီးတွေကို ရှင်းလင်းပြီး ပိတ်မိနေသူတွေက ကယ်ဆယ်ရာမှာ အသက်ရှင်လျက် လွတ်မြောက်လာသူ ၂၈ ဦးအထိ ရှိပါတယ်။

အခုနှစ် မုတ်သုံမိုးရာသီမှာ အိန္ဒိယရဲ့ အိမ်နီးချင်း နီပေါနိုင်ငံမှာလည်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် လူပေါင်း ၆၇ ဦး အနည်းဆုံး သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးလျက် ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly