ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁၀ ဦးသေဆုံး၊ ယာယီတဲ ၅,၀၀၀ ပျက်စီး

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူ ၁၀ ဦးသေဆုံး၊ ယာယီတဲ ၅,၀၀၀ ပျက်စီး

ဇူလိုင် ၁၅ ။            ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေဖြစ်လို့ အနည်းဆုံး လူ ၁၀ ဦး သေဆုံးကာ ယာယီတဲအိမ်ပေါင်း ၅,၀၀၀ နီးပါးလောက် ပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၁၄ မှာ ပြောပါတယ်။

ကော့ဇ်ဘဇားနယ်ထဲက ဒုက္ခသည်စခန်းတွေမှာ ဇူလိုင် ၂ ရက်နောက်ပိုင်း မိုးကြီးပြီး ယခုလို သဘာဝဘေး ဖြစ်ရပ်တွေ ကြုံခဲ့ရတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ဌာနက ပြောပါတယ်။

ယင်း ကော့ဇ်ဘဇားနယ်ထဲက ဒုက္ခသည်စခန်းတွေမှာတော့ မြန်မာဘက်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဘင်္ဂါလီမွတ်ဆလင်( မူရင်း ရိုဟင်ဂျာ ဖော်ပြ) တစ်သန်းနီးပါး နေထိုင်နေတာဖြစ်ပါတယ်။

တောင်ကုန်း ဆင်ခြေလျှောတွေမှာ တည်ဆောက်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ယခု ဇူလိုင်လ ပထမ နှစ်ပတ်အတွင်း မိုးကြီးပြီး ရွှံ့ပြိုကျမှုတွေ ဖြစ်ခဲ့ကြောင်း၊ တာပေါ်လင်စ၊ ၀ါးတို့နဲ့ ဆောက်ထားတဲ့ တဲအိမ်ပေါင်း ၄,၈၈၉ လုံး ပျက်စီးသွားခဲ့ကြောင်း ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း IOM ရဲ့ ပြောရေးဆိုင်ခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသွားပါတယ်။

မြန်မာနဲ့အကြား နယ်စပ်အနီးမှာ တည်ဆောက်ထားတဲ့ ကမ့်စခန်းတွေမှာ ဧပြီလနောက်ပိုင်း မြေပြိုမှု ဖြစ်စဉ်ပေါင်း ၂၀၀ ကျော် ရှိခဲ့ကြောင်း၊ လူအနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ အခြား လူပေါင်း ၅၀,၀၀၀ နီးပါးလောက် ထိခိုက်ခံစားခဲ့ရကြောင်း ကုလ အစီရင်ခံစာတစ်ရပ်မှာလည်း ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly