"Facebook ဗီဒီယိုတွေနဲ့ Mobile Data သတိပြုစရာ"

"Facebook ဗီဒီယိုတွေနဲ့ Mobile Data သတိပြုစရာ"

Facebook ရဲ့ Video တွေနဲ့ ပတ်သက်တဲ့ အပြောင်းအလဲက Mobile Internet ကို အဓိကထားသုံးနေရတဲ့ မြန်မာ Facebooker တွေအတွက် Data Charge ပိုကုန်မယ့် သဘောဖြစ်နေပါတယ်။ Facebook က News Feed မှာ ဗီဒီယို တွေကို Auto-Play ဖြစ်နေအောင် Default ထားလိုက်တာကြောင့်ပါပဲ။

Facebook က ဒီလို လုပ်လိုက်တော့ အသုံးပြုသူတွေရဲ့ News Feed မှာ ဗီဒီယို တက်လာတိုင်း Auto-Play ဖြစ်ပြီး Background Download ကြောင့် Data Charge တက်လာမှာပါပဲ။ လုပ်ငန်းခွင်တို့ ကျောင်းတို့မှာ လေယာဉ်ကွင်းတို့ စသဖြင့် Free Internet ရတဲ့နေရာတွေမှာ အသုံးပြုနေသူတွေအတွက် မသိသာပေမယ့် မြန်မာ Facebooker အများစုအတွက်ကတာ့ Mobile Internet ကိုသာ အဓိကထား သုံးနေရတာကြောင့် ဖုန်းဘီ်လ် အရင်ထက် ပိုကုန်နိုင်တာ သေချာပါတယ်။

အဲဒီလိုမဖြစ်အောင် ပုံတွေမှာပါတဲ့အတိုင်း Setting ကို ပြောင်းထားလို့ ရပါတယ်။

On Browser

Facebook ကို Browser ဖြင့် သုံးနေတဲ့အခါ Facebook Settings --> Videos ကိုသွားပြီး Auto-Play Videos မှာ Default ဖြစ်နေတာကို 'Off' လို့ ရွေးပေးလိုက်ပါ။ ဒါဆိုရင် Facebook ကို Browser နဲ့ သုံးတဲ့အခါ News Feed မှာ တက်လာတဲ့ ဗီဒီယိုတွေ Auto-Play မဖြစ်တော့ပါဘူး။

 

Credit- Ko John Facebook

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags