လျှပ်စစ်မီး ပြတ်တောက်မှုကြီး ဖြစ်၍ နယူးယောက်မြို့ အမှောင် လွှမ်းခြုံ

လျှပ်စစ်မီး ပြတ်တောက်မှုကြီး ဖြစ်၍ နယူးယောက်မြို့ အမှောင် လွှမ်းခြုံ

နယူးယောက်၊ ဇူလိုင် ၁၅ ။       ။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စနေနေ့ ညပိုင်းက လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်တာကြောင့် မြို့နေရာအများစု အမှောင်လွှမ်းခြုံသွားခဲ့ပါတယ်။

ညလယ်ပိုင်းမှာ မီးပြန်မလာသေးခင်အထိ ရထားတွေနဲ့ စက်လှေကားတွေမှာ ပိတ်မိနေသူတွေ ရှိခဲ့ပါတယ်။

မန်ဟန်တန်အနောက်ပိုင်းနဲ့ အနီးဝန်းကျင် နယ်မြေတွေမှာ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် လူပေါင်း ၇၂၀၀၀၀ ကျော် လျှပ်စစ်မီး မရဘဲ ဖြစ်ခဲ့ရတာပါ။ ခရီးသွားဧည့်သည်တွေနဲ့ ဇာတ်ပွဲကြည့်သူတွေ လာရောက်မှု များပြားရာ တိုင်းမ်စ်စကွဲယားမှာလည်း မီးပြတ်မှု ကြုံခဲ့တာ ဖြစ်ပါတယ်။

ဒေသစံတော်ချိန် ည ရှစ်နာရီလောက်မှာ မီးစပြတ်တာဖြစ်ပြီး အနည်းဆုံး သုံးနာရီခန့် ကြာမှ ပြန်လည်မီးပေးနိုင်တာ ဖြစ်ပါတယ်။

ဒီလို မီးပြတ်တဲ့ အချိန်မှာ မြို့တစ်လုံး ဝရုန်းသုန်းကား ဖြစ်ခဲ့ပြီး မီးပွိုင့်အချက်ပြတွေလည်း အလုပ်မလုပ်တော့တာကြောင့်် ကားမောင်းသူတွေဟာ နားလည်မှုနဲ့ မောင်းနှင်ခဲ့ကြရတာ ဖြစ်ပါတယ်။

မီးပြတ်ရာ အရပ်ဆီ မသွားလာကြဖို့ ဒေသခံတွေကို ရဲက တိုက်တွန်းခဲ့ရပါတယ်။

၁၉၇၇ ခုနှစ် ခုလို အချိန်မျိုးမှာလည်း  နယးယောက်မြို့မှာ မီးပြတ်မှုကြီးကြုံခဲ့ပြီး မြို့တစ်မြို့လုံးလိုလို အမှောင်လွှမ်းခြုံမှု ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly