ငယ်ငယ်က မေမေလူးပေးတဲ့မုန်ညှင်းဆီ

ငယ်ငယ်က မေမေလူးပေးတဲ့မုန်ညှင်းဆီ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မုန်ညှင်းဆီက လူတိုင်းနဲ့ စိမ်းမယ်မထင်ပါဘူး။ ငယ်ငယ်ကတည်းက လေနာမှာ၊ဗိုက်ပွမှာစိုးလို့ဆိုပြီး မေမေက အမြဲလိုလိုလူးပေးခဲ့ပါတယ်။ အရေပြားကျန်မးာအောင်ဆိုပြီး မုန်ညှင်းဆီလူးလို့လည်း နှိပ်ပေးခဲ့ဖူးမှာပါ။ မုန်ညှင်းဆီက ဘေဘီလေးတုန်းကပဲ အကျိုးများတာမဟုတ်ပါဘူး။ အရွယ်ရောက်ပြီးဖြစ်သူတွေအတွက်လည်း အကျိုးများပါသတဲ့။
မုန်ညှင်းဆီ

မုန်ညှင်းစေ့ကိုကြိတ်ပြီး ရလာတဲ့အဆီပါ။ အရေပြားမှာလူးပေးလို့ရသလို ချက်တဲ့ပြုတ်တဲ့နေရာမှာလည်း သုံးလို့ရပါတယ်။ မြေထဲပင်လယ်ဒေသမှာ အဓိကပေါက်ရောက်ပြီး ကျန်းမာရေးအတွက်အကျိုးများတာကြောင့် ကမ္ဘာတလွှားမှာ တော်တေ်ာများများ အသုံးပြုကြပါတယ်။ မုန်ညှင်းဆီလူးပေးတာက အရေပြးတင်ကျန်းမာစေတာမဟုတ်ပါဘူး။ အတွင်းပိုင်းက တစ်ရှုးတွေကိုပါ ကျန်းမာစေနိုင်တာပါ။
မုန်ညှင်းဆီရဲ့ အသုံးဝင်မှု

မုန်ညှင်းဆီက ဒီလိုအသုံးဝင်ပါတယ်။

အဆစ်ရောင်ရောဂါကို သက်သာစေနိုင်တယ်

မုန်ညှင်းဆီက အဆသ်အမြစ်တွေရောင်ရမ်းနာကျင်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ အဆစ်နာတတ်သူတွေ၊ လေးဖက်နာရောဂါရှိသူတွေနဲ့ အခြားအရိုးအဆစ်ဝေဒနာခံစားနေရသူတွေအနေနဲ့ နာနေတဲ့နေရာကို မုန်ညှင်းဆီလေးလူးပြီး ခပ်ဖွဖွလေးနှိပ်ပေးရုံပါ။

ဆံပင်ကျွတ်သက်သာစေတယ်

ဆံပင်သန်စွမ်းကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူပြုပေးနိုင်ပါတယ်။ ဆံပင်တွေကျွတ်လွန်းလို့ စိတ်ညစ်နေတယ် ဆိုရင် ဆံသားနဲ့ဦးရေပြားကို မုန်ညှင်းဆီလေးလူးပေးပြီး ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ။ ဦးရေပြားမှာ သွေးစီးဆင်းမှုကောင်းစေပြီး ဆံပင်ကျွတ်တာသကသာစေလို့ ဆံသားတွေကို ကျန်းမာသန်စွမ်းစေမှာပါ။

မှိုပိုးသက်သာစေနိုင်တယ်

အရေပြားမှာ မှိုပိုးကူးစက်တာ၊ သဲဝဲစားတာ၊ အရေပြားမှာ ဓာတ်မတည့်မှုကြောင့် အဖုအပိမ့်တွေထွက်တာအတွက်လည်း မုန်ညှင်းဆီကို သုံးပေးလို့ရပါတယ်။ အရေပြားမှာ မှိုပိုးတွေဖြစ်နေမယ်၊အသားအရတွေခြောက်နေမယ်ဆိုရင် မုန်ညှင်းဆီလေးပွတ်လူးထားလိုက်ရုံပါ။

သွေးလည်ပတ်မှုကောင်းစေတယ်

မုန်ညှင်းဆီက သွေးလည်ပတ်မှုကောင်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။ အရေပြားကိုအနွေးဓာတ်ရစေပြီး သွေးကြောလေး တွေထဲမှာ သွေးစီးဆင်းမှုကောင်းအောင်လှုံ့ဆော်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

မုန်ညှင်းဆီက ထောပတ်သီးမှာပါတဲ့ အဆီနဲ့အတူတူပါပဲ။ လေ့လာမှုတွေအရတော့ မုန်ညှင်းဆီမှာ monounsaturated fatty acids ပါဝင်နေတာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားရနိုင်ခြေကို နည်းစေနိုင်တယ်၊လို့သိရပါတယ်။ monounsaturated fatty acids ကသွေးပေါင်ချိန်ကို ကျစေနိုင်ပြီး သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါကို ခံစားနေရသူတွေပဲဖြစ်ဖြစ် နှလုံးသွေးကြောဆိုင်ရာ ရောဂါကိုကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ် မုန်ညှင်းဆီကို စားပေးလို့ရပါတယ်။

ကဲ…ငယ်ငယ်ကတည်းကမေမေလူးပေးခဲ့တဲ့ မုန်ညှင်းဆီလေးက အသက်ကြီးလာတဲ့အထိ အသုံးတည့်တယ်နော် Hello ဆရာဝန် ပရိသတ်ကြီးရေ…………………

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly