ဘင်္ဂလားဒေ့ရှ် စစ်အာဏာရှင်ဟောင်း အာရှက် ကွယ်လွန်

ဘင်္ဂလားဒေ့ရှ် စစ်အာဏာရှင်ဟောင်း အာရှက် ကွယ်လွန်

ဇူလိုင် ၁၄ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆယ်စုနှစ်တစ်စုနီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ စစ်တပ်အာဏာရှင်ဟောင်း ဟူစိန် မိုဟာမက် အာရှက်ဟာ ဇူလိုင် ၁၄ ရက်က ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၈၉ နှစ်ရှိ အာဏာရှင် အာရှက်ဟာ ဒါကာ ဆေးရုံတစ်ရုံမှာ သီတင်းပတ်များစွာကြာ တက်နေခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး အာရှက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ဆယ်စုနှစ်တစ်စုနီးပါးကြာ အုပ်ချုပ်နေခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်မှာ ဒီမိုကရေစီ လိုလားတဲ့ လူထုအုံကြွမှုတစ်ခု ပေါ်ပေါက်ပြီး ရာထူးကနေ ပြုတ်ကျသွားခဲ့သူဖြစ်ပါတယ်။

ယင်းနောက် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် နှစ်များစွာကြာ အကျဉ်းကျခံခဲ့ရသေးပါတယ်။

၎င်းဟာ အသက်အရွယ် ကြီးရင့်လာခဲ့ပြီးနောက် မမာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲ့ Jatiya ပါတီမှ အမတ် ကာဇီ ဖီရော့ဇ် ရာရှစ်ဒ်က ပြောပါတယ်။

အာရှက် သေဆုံးမှုသတင်းကို စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် အဗ္ဘဒူလာ ဘင် ဇိဒ်ကလည်း အတည်ပြုပါတယ်။

၁၉၈၂ ခုနှစ်တုန်းက စစ်တပ်ခေါင်းဆောင်ဖြစ်တဲ့ အာရှက်ဟာ  ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖယ်ရှားပြီး သွေးထွက်သံယိုများတဲ့ အာဏာသိမ်းမှုတစ်ခုနဲ့အတူ အာဏာရယူခဲ့သူဖြစ်ပါတယ်။

၎င်းရဲ့ လက်ထက်မှာတော့ အစ္စလမ်ကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့တဲ့ အငြင်းပွားဖွယ်ဆုံံးဖြတ်ချက်ကတော့ ထင်ရှားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly