အပူပိုင်းမုန်တိုင်း ဘယ်ရီ လူဝီစီးယားနားပြည်နယ်ကို ဝင်ရောက်၊ ရေလွှမ်းမိုးမှု သတိပေးချက် ထုတ်

အပူပိုင်းမုန်တိုင်း ဘယ်ရီ လူဝီစီးယားနားပြည်နယ်ကို ဝင်ရောက်၊ ရေလွှမ်းမိုးမှု သတိပေးချက် ထုတ်

ဇူလိုင် ၁၄ ။          ။ အားပြင်းမုန်တိုင်း ဘယ်ရီဟာ ဇူလိုင် ၁၃ ရက်က အမေရိကန်ပြည်ထောင်စု လူဝီစီးယားနား ပြည်နယ်ကို ဝင်ရောက်လာခဲ့ပြီဖြစ်ရာ ပြည်နယ်၏ အနိမ့်ပိုင်းဧရိယာများတွင် အကြီးအကျယ် ရေလွှမ်းမိုးမှုများ ဖြစ်လာနိုင်ဟု အာဏာပိုင်များက အရေးပေါ်သတိပေးချက်များ ထုတ်ပြန်ထားရသည်။

ယင်းမုန်တိုင်းသည် ကုန်းမြေနား နီးကပ်လာခဲ့စဉ်က ဟာရီကိန်းအဆင့်မှာ ရှိနေခဲ့သော်ငြား လက်ရှိအခါ အပူပိုင်းမုန်တိုင်းအဆင့်သို့ ပြန်လည်အားပျော့သွားခဲ့ပြီဖြစ်သည်။

သို့သော် ကုန်းတွင်းပိုင်းဘက် ဝင်ရောက်ချိန်တွင် လေတိုက်နှုန်းအားပြင်းသည့် အဆင့်တွင် ရှိနေဆဲဖြစ်သည်။

ပြည်နယ်၏ အကြီးဆုံးမြို့ နယူးအော်လင်းစ်မြို့ လေဆိပ်တွင် လေကြောင်းခရီးစဉ် အားလုံး ဖျက်သိမ်းထားရသည်။

လူထောင်ပေါင်းများစွာ တို့သည်လည်း ရေကြီးမှုအန္တရာယ်မှ လွတ်အောင် ၎င်းတို့၏ နေအိမ်များမှ စွန့်ခွာ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရကာ အိမ်ထောင်စုပေါင်း တစ်သိန်းခန့်လည်း လျှပ်စစ်မီးပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

မုန်တိုင်းသည် ဇူလိုင် ၁၄ ရက်တွင် ပိုမို အရှိန်မြင့်လာဖွယ် ရှိပြီး ပြည်နယ် ဧရိယာအများစုတွင်လည်း ညတွင်းချင်း မိုးကြီးမှုနှင့် ကြုံရနိုင်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန် ဘဲလ် အက်ဒ်ဝါ့့ဒ်စ်က ပြောထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly