တရုတ်က ထိုင်းတွင် ရထားလမ်းစီမံကိန်းကို ယခုနှစ်အတွင်း ပြန်လည်စတင်မည်

တရုတ်က ထိုင်းတွင် ရထားလမ်းစီမံကိန်းကို ယခုနှစ်အတွင်း ပြန်လည်စတင်မည်

ထိုင်းနိုင်ငံတွင် တရုတ်က လာရောက်တည်ဆောက်ရန် သဘောတူထားသည့် ရထားလမ်းစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

နောင်ခိုင်ခရိုင်မှ ရနောင်းခရိုင် မက်တာဖက်နှင့် မြို့တော်ဘန်ကောက်သို့ အရှည် ၈၇၃ ကီလိုမီတာအရှည်ရှိ ရထားလမ်းအား ဆောက်လုပ်ရန် တရုတ်ကုမ္ပဏီအား ခွင့်ပြုခဲ့သည်။

မြန်နှုန်းအလယ်အလတ်ဖြင့် ပြေးဆွဲမည့် အဆိုပါရထားလမ်းအား အောက်တိုဘာ ၂၃ ရက်တွင် စတင်ရန် သဘောတူညီခဲ့သော်လည်း ဆောက်လုပ်မှု ကုန်ကျစရိတ် ထည့်ဝင်ရေးအပေါ် ဆွေးနွေးမှုမပြီးပြတ်သေးသော ကြောင့် လုပ်ငန်းစတင်ရန် ကြန့်ကြာခဲ့သည်။

ထိုင်းအစိုးရက အခြားရထားလမ်းစီမံကိန်းတစ်ခုအတွက် ဂျပန်နိုင်ငံနှင့် သဘောတူထားသည်။ ဂျပန်နိုင်ငံကလည်း ဘန်ကောက်နှင့်ချင်းမိုင် တို့အကြား အမြန်ရထားလမ်းတစ်ခု တည်ဆောက်ရေးအတွက် စိတ်ဝင်စားလျက်ရှိသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly