တရားမဝင် ဗီယက်နမ်ငါးဖမ်းသင်္ဘော နှစ်စင်းကို ထိုင်းဖမ်းဆီး

တရားမဝင် ဗီယက်နမ်ငါးဖမ်းသင်္ဘော နှစ်စင်းကို ထိုင်းဖမ်းဆီး

ငါးများကို အလွန်အကျွံဖမ်းဆီးနိုင်သည့် ပိုက်ကွန်နှင့်ပစ္စည်းများ တပ်ဆင်ထားသည့် ဗီယက်နမ်ငါးဖမ်းသင်္ဘောနှစ်စင်းကို ထိုင်းနိုင်ငံ နာရာသီဝပ်ကမ်းခြေအနီး ပင်လယ်ပြင်တွင် အောက်တိုဘာ ၁၀ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ပြည်ပမှ သင်္ဘောတစ်စင်းက ဝင်ရောက်ငါးဖမ်းနေကြောင်း သတင်းပေးချက်အရ ရေကြောင်း ရဲတပ်ဖွဲ့က ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေမှ ရေမိုင် ၂၀ ကွာဝေးသော  နေရာတွင် အဆိုပါ သင်္ဘောများကို ဖမ်းဆီးခဲ့ခြင်းသည်။

မလေးရှားသင်္ဘောများပုံစံပြုပြင်ထားသည့် အဆိုပါငါးဖမ်းသင်္ဘောများသည် ငါးအရွယ်ပေါင်းစုံကို ဖမ်းဆီးနိုင်သည့် ဆွဲပိုက်များအား အသုံးပြုနေသည်ကို သွားရောက်ဖမ်းဆီးစဉ်တွေ့ရှိခဲ့ရသည်။ သင်္ဘောတစ်စင်းမှ မာလိန်မှူးတစ်ဦးနှင့် ငါးဖမ်းသမား လေးဦး၊ နောက်တစ်စင်းမှ ခြောက်ဦးတို့ကို ဖမ်းမိခဲ့သည်။

ထိုင်းရေပိုင်နက်အတွင်း ငါးခိုးဖမ်းရန် မလေးရှားငါးဖမ်းသင်္ဘောများပုံစံ ပြောင်းထားခြင်းဖြစ်ကြောင်း မာလိန်မှူးနှစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဗီယက်နိုင်ငံသား ၁၁ ဦးအား နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ငါးခိုးဖမ်းမှုတို့ဖြင့် တရားစွဲရန် ရဲစခန်းတွင် ဖမ်းဆီးထားသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly