အိန္ဒိယနဲ့ နီပေါမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၁၈ ဦး ရှိ

အိန္ဒိယနဲ့ နီပေါမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၁၈ ဦး ရှိ

နယူးဒေလီ၊ ဇူလိုင် ၁၃ ။       ။ အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ နီပေါနိုင်ငံတွေမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကို ပြည်သူ ကိုးသိန်းနီးပါး ရင်ဆိုင်ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၈ ဦး ရှိကာ လူခြောက်ဦး ပျောက်ဆုံးလျက် ရှိနေပါတယ်။

နီပေါမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေကြောင့် ၁၅ ဦး သေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေတယ်လို့ နီပေါအရေးပေါ်ကာကွယ်ရေးစင်တာ အကြီးအကဲ ဘတ်နီဒစီက ပြောပါတယ်။

နီပေါနိုင်ငံရဲ့ နေရာဒေသ ၂၀၀ ကျော်မှာ မုတ်သုံမိုး သည်းထန်တာကို အပြင််းအထန် ကြုံတွေ ရင်ဆိုင်နေရတာ ဖြစ်ပြီး ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး ဆောင်ရွက်ပေးလျက် ရှိနေတယ်လို့ ဘတ်နီဒစီက ဆိုပါတယ်။

မြို့တော် ခတ္တမန္ဒူရဲ့ နေရာတော်တော််များများ ရေလွှမ်းမိုးလျက် ရှိနေပါတယ်။

အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း မိုးသည်ထန်ပြီး ရေကြီးရေလျှံမှုတွေကြောင့် လူသုံးဦး သေဆုံးပြီး ရေလွှမ်းမိုးမှုဘေးကို ပြည်သူပေါင်း ၈၆၀၀၂၄ ဦး ရေဘေးဒုက္ခ ရင်ဆိုင််နေရကြောင််း အာသံပြည်နယ်သဘာဝဘေး စီမံခန့််ခွဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly