အာဖဂန်က မင်္ဂလာဆောင်မှာ ဆယ်ကျော်သက်တစ်ဦး အသေခံဗုံးခွဲ၍ ကိုးဦး သေဆုံး

အာဖဂန်က မင်္ဂလာဆောင်မှာ ဆယ်ကျော်သက်တစ်ဦး အသေခံဗုံးခွဲ၍ ကိုးဦး သေဆုံး

ကဘူးလ်၊ ဇူလိုင် ၁၃၃ ။          ။ အာဖဂန်နစ္စတန် အရှေ့ပိုင်းက မင်္ဂလာဆောင်တစ်ခုမှာ ဇူလိုင် ၁၂ ရက်က ဆယ်ကျော်သက်တစ်ဦး အသေခံဗုံးခွဲတာကြောင့် လူ ကိုးဦး သေဆုံးပြီး ၂၀ ဒဏ်ရာရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသေခံဗုံးခွဲသမားဟာ လူမျိုးစုခေါင်းဆောင် ဟာဂျီတက်ခန်းကို ပစ်မှတ်ထားတာဖြစ်ကြောင်း နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူးရုံး ပြောခွင့်ရသူ ခိုဂျန်နိုင်းက ပြောပါတယ်။

တည်ငြိမ်မှုကင်းမဲ့ရာ ပါချားအော့အက်ဂမ်အရပ်က မင်္ဂလာဆောင်မှာ ခုလို ဗုံးခွဲတိုက်ခိုက်တာဖြစ်ပါတယ်။

“သေဆုံးသူတွေမှာ လူမျိုးစုခေါင်းဆောင် ဟာဂျီတက်ခန်းလည်း ပါဝင်ပါတယ်။ သူ့ရဲ့ အရွယ်မရောက်သေးတဲ့ ကလေးနှစ်ဦးလည်း သေဆုံးပါတယ်။”လို့ ပြောခွင့်ရသူ ခိုဂျန်နိုင်းက ဆိုပါတယ်။

တက်ခန်းဟာ အစိုးရထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့ တပ်မှူးတစ်ဦးဖြစ်ပြီး သောင်းကျန်းသူ စစ်ဆင်ရေးတွေမှာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက် ဗုံးခွဲသမားမှာ မင်္ဂလာဆောင်ဧည့်သည်တွေကြား ဝင်ရောက်ပြီး သူ့ရဲ့ အသေခံဗုံးခါးပတ်ကို ဖောက်ခွဲပစ်လိုက်တာ ဖြစ်တယ်လို့ ခိုဂျန်နန်းက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly