အမေရိကန် သတိပေးနေတဲ့ကြားက ရုရှား S400 ဒုံးစနစ် တူရကီသို့ ရောက်ရှိ

အမေရိကန် သတိပေးနေတဲ့ကြားက ရုရှား S400 ဒုံးစနစ် တူရကီသို့ ရောက်ရှိ

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၃ ။       ။ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ ချမှတ်မယ်ဆိုပြီး သတိပေးနေတဲ့ ကြားက ဝယ်ယူလိုက်တဲ့ ရုရှားလုပ် S400 လေကြောင်းရန်ကာစနစ်ဟာ တူရကီနိုင်ငံဆီ ဇူလိုင် ၁၂ ရက်က ပထမအသုတ်အဖြစ် ရောက်ရှိလာပါပြီ။

S400 လေကြောင်းရန်ကာစနစ် ရုရှားပေးပို့လာတာကို လက်ခံရရှိကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။ ခုလို တူရကီနိုင်ငံက ရုရှားဆီကနေ S400 ဝယ်ယူတာဟာ အမေရိကန်အတွက်တင်မက နေတိုးအဖွဲ့အတွက်ပါ စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေပါတယ်။

ရုရှားလုပ် အဲဒီ ဒုံးခွင်းဒုံးဟာ မဟာမိတ် နေတိုးအဖွဲ့ရဲ့ စနစ််တွေနဲ့ အံ့ဝင်ခွင်ကျဖြစ်လိမ့်မှာ မဟုတ်ဘူးလို့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

“S400 တာဝေးပစ်ဒုံးကာနစ်ရဲ့ ပထမသုတ် အစိတ်အပိုင်းတွေကို ၂၀၁၉ ဇူလိုင် ၁၂ ရက်မှာ  ပေးပို့လာပြီး အန်ကာရာကို ရောက်ရှိပြီ ဖြစ်ပါတယ်။”လို့ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တူရကီနိုင််ငံဟာ S400 ဒုံးခွင်းဒုံးစနစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံနဲ့ ၂၀၁၇ ဧပြီလအတွင်းက ဝယ်ယူကြောင်း သဘောတူလက်မှတ်ထိုးထားတာ ဖြစ််ပါတယ်။ ဒါပေမယ့် ဒီ ဒုံးကာစနစ်ကို ဘယ်အချိန်မှစပြီး အသုံးပြုမလဲဆိုတာတော့ ထုတ်ပြန်တာ မရှိပါ။

တူရကီရဲ့ အခု ဝယ်ယူမှုကို ၀ါရှင်တန်က ရှုတ်ချပြီး နောက်ဆုံးပေါ် F35 တိုက်လေယာဉ်တွေ ထုတ်လုပ်တပ်ဆင်ရေးမှာ တူရကီကို ပါဝင်ခွင့်ပြုလိမ့်မှာ မဟုတ်ကြောင်း သတိပေးထားတာလည်း ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်အစိုးရကလည်း တူရကီကို စီးပွားရေးအရ ပိတ်ဆို့မှုတွေ ချမှတ်သွားမယ်လို့ ခြိမ်းခြောက််ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly