ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ

ရေဖျဉ်းရှိသူတွေအတွက် သတိထားသင့်တဲ့အချက်တွေ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ရေဖျဉ်းဆွဲတယ်ဆိုတာက ဝမ်းဗိုက်မှာအရည်တွေစုပုံလာတဲ့အခြေအနေတစ်ရပ်ပါ။  ရောဂါအခြေအနေတစ်ရပ်ရပ်ရဲ့ နောကဆက်တွဲအနေနဲ့ ခံစားရတဲ့ အနေအထားတစ်ရပ်ပေါ့။ အခုတစ်ခေါက်တော့ ရေဖျဉ်းဆွဲတဲ့အခါ ဘယ်လိုနေထိုင်ရမလဲဆိုတာလေးကို Hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေ။
ဘာကြောင့် ရေဖျဉ်းဆွဲရတာလဲ…….

ဒီအချက်တွေကြောင့်ရေဖျဉ်းဆွဲရတာပါ။

  •     အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရတာ
  •     အသည်းရောင် အသားဝါ စီပိုး ကူးစက်ခံထားရတာ
  •     အရက်သောက်တာကြောင့် အသည်းထိခိုက်ပျက်စီးနေတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ရေဖျဉ်းဆွဲတာကို ခံစားရနိုင်ပါတယ်။

ရေဖျဉ်းဆွဲတာကို မြင့်တက်စေနိုင်တဲ့အကြောင်းအရင်းတွေကဘာတွေများဖြစ်မလဲ………..

ရေဖျဉ်းဆွဲခြင်း ဖြစ်ပွားနိုင်ခြေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

  •     သားဥအိမ်ကင်ဆာရှိတာ
  •     ပန်ကရိယကင်ဆာရှိတာ
  •     အသည်းကင်ဆာရှိတာ
  •     သားအိမ်ကင်ဆာရှိတာ
  •     နှလုံးရောဂါရှိတာ
  •     ကျောက်ကပ်ရောဂါရှိတာ
  •     ပန်ကရိယ ရောင်ရမ်းနေတာ
  •     တီဘီရောဂါခံစားနေရတာ
  •     သိုင်းရွိုက်ဟော်မုန်းနည်းနေတဲ့ရောဂါတွေခံစားနေရတာတွေက ရေဖျဉ်းဖြစ်နိုင်ခြေကို များစေတဲ့အချက်တွေပါ။

ရေဖျဉ်းစွဲနေသူတွေသတိထားသင့်တဲ့ စားသောက်နေထိုင်မှုပုံစံကဘာတွေဖြစ်မလဲ…………

ရေဖျဉ်းစွဲနေသူအနေနဲ့ ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်။

ဆားလျှော့စားပါ

ရေဖျဉ်းစွဲနေသူတစ်ယောက်အနေနဲ့ ဆားစားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဆားစားသုံးမှုများတာက ရေတွေကိုပိုပြီး စုစေနိုင်တာကြောင့် ရေဖျဉ်းစွဲတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသောက်မှုမှာ ဆားကို တတ်နိုင်သမျှလျှော့စားပေးပါ။ အငန်ကဲတဲ့အစားအစာတွေကို လျှော့စားဖို့လည်း မမေ့ပါနဲ့။

နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ

ရေဖျဉ်းစွဲသူတစ်ယောက်အနေနဲ့ ပုံမှန်ထက်စားချင်စိတ်နည်းနေနိုင်ပါတယ်။ ဒါပေမယ့် အစားစားမှ အာဟာရပြည့်ဝမှာဖြစ်တာကြေင့် တစ်နေ့ကို နည်းနည်းချင်းစီနဲ့ ၇ ကြိမ်၈ ကြိမ်လောက် အစားစားပေးပါ။ ပရိုတင်းကြွယ်ဝပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ အသားတွေအစားပဲအမျိုးမျိုးနပြ အခြားသော ပရိုတင်းရနို်င်တဲ့ အစားအစာတွေကို စားပေးဖို့ပြောပါရစေ။

အဆိပ်အတောက်နဲ့ဓာတုပစ္စည်းတွေကိုရှောင်ပါ

ဖြစ်နိုင်ရင် သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ အသီးအနှံတွေကိုပဲစားသုံးပေးပါ။ ဒီလိုစားသုံးပေးတာက ခန္ဓာကိုယ်ထိခို်ကနိုင်ခြေကို နည်းစေနိုင်ပါတယ်။ အသည်းထိခိုက်မှုဖြစ်နိုင်ခြေကို နည်းစေနိုင်တာကြောင့် ရေဖျဉ်းစွဲနေသူတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်မှာပါ။

အုန်းရည်သောက်ပါ

ပိုတက်ဆီယမ် နဲ့ electrolytes ပါဝင်တဲ့ အုန်းရည်က ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်စေပြီး ကိုယတွင်းမျာ အရည်တွေစုနေတာမျိုး မဖြစ်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။

အယ်လ်ကိုဟောရှောင်ပါ

အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတိုင်းကိုရှောင်ဖို့လိုပါမယ်။ အယ်လ်ကိုဟောရောဂါအခြေအနေကို ပိုဆိုးစေနို်င်တာကြောင့် လုံးဝရှောင်ကြဉ်ဖို့လိုပါမယ်။

လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေကိုသန်မာစေပြီး ရေတွေစုနေတာကို ဖြစ်နိုင်ခြေနည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။

ပြည့်ဝတဲ့အိပ်စက်ချိန်ထားရှိပါ

နေ့ခင်းဘက်မှာ အိပ်တာမျိုးမလုပ်ဘဲ ညစဉ်တိုင်းမှာ စောစောအိပ်လို့ မနက်စောစောထတဲ့ ပြည့်ဝကောင်းမွန်တဲ့ အိပ်စက်မှုအလေ့အထကိုမွေးမြူပေးပါ။
ဘာတွေစားရမလဲ……….

ရေဖျဉ်းစွဲနေသူတွေအတွက် သင့်တော်တဲ့အစားအစာတွေကတော့

  •     ကြက်သွန်ဖြူ
  •     မြင်းစားဂျုံ
  •     ဒန်ဒယ်လီယွန်
  •     ကြက်ဟင်းခါးသီး
  •     မုန်လာဥဖြူ
  •     မုန်လာဥနီ
  •     ပဲနံ့သာစေ့
  •     ကြက်သွန်နီ
  •     ဖရဲသီးစတာတွေကိုစားပေးလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly