ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ

ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    
 ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့ အသီးအရွက်များများစားပေးရမယ့် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ ဒါက အမှန်ပဲ ဖြစ်ပါတယ်။ အသီးအရွက်တွေထဲမှာမှခုပြောပြမယ့် အသီးအနှံတွေက အဆီလောင်ကျွမ်းခြင်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းခြင်းကို အားပေးလို့ ဝိတ်ကျချင်တဲ့သူတို်င်း စားပေးသင့်တဲ့ အသီးအနှံတွေပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။
ဝိတ်ကျစေမယ့် အသီးအနှံများ ။ ။
( ၁ ) ဘယ်ရီသီးများ။ ။

ဘလူးဘယ်ရီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးမစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီး ငှက်ပျောသီး သရက်သီးတို့ထက်စာရင် ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ၈ ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ သုံးပုံတစ်ပုံရှိပြီး အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့  အာနိသင်ကလည်း ကြွယ်ဝတာကြောင့် သရေစာအဖြစ်စားပေးသင့်တဲ့ ကယ်လိုရီနည်းတဲ့ အသီးတွေပါ။
( ၂ ) ဖရဲသီး။

ရေဓာတ် ၉၂ ရာခိုင်နှုန်းတောင် ပါဝင်တဲ့ဖရဲသီးက ကိုယ်အလေးချိန်ကို တိုက်ရိုက်ကျဆင်းစေမှာ မဟုတ်ဘဲ ကယ်လိုရီလောက်ကျွမ်းတဲ့နေရာမှာ အရေးပါတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးမှာ ဖြစ်ပါယတ်။ ပါဝင်တဲ့ ကယ်လိုရီကလည်း နည်းတဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် တစ်ခါစားပြီးတာနဲ့ ဗိုက်ပြည့်စေမှာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတိုင်း ဆောင်ထားသင့်တဲ့အသီးတစ်ခုနော်။
( ၃ ) ပဲ အမျိုးမျိုး။

ပရိုတင်းပမာဏများများနဲ့ သံဓာတ်အများကြီးပါဝင်တဲ့ ပဲ အမျိုးမျိုးဟာ ဝမှာဆိုးလို့ အသားမစားဘဲ ပရိုတင်းလိုချင်သူတွေအတွက် အားထားရတဲ့ အရာတစ်ခုပါ။ နောက်ပြီး ကိုယ်ခန္ဓာ ကျစ်လစ်စေဖို့လည်း အကူအညီပေးတာကြောင့် ဝိတ်ကျချင်တဲ့သူရော ကြွက်သားတက်ချင်တဲ့သူရော ပဲစားပေးလို့ရပါတယ်။
( ၄ ) နာနတ်သီး။

ဗီတာမင် စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ အများကြီးပါတဲ့ နာနတ်သီး ဟာ သင့်ကိုယ်အလေးချိန် မတက်အောင် ကူညီပေးမယ့် အသီးတစ်ခုဆိုလည်း မမှားပါဘူး။ ကယ်လိုရီနည်းတယ်ဆိုပေမယ့် ပါဝင်တဲ့ သကြားပမာဏက အခြားအသီးတွေထက်များတာကြောင့် အချိုကြိုက်တဲ့သူတိုင်း စားပေးလို့ရတဲ့ အသီးတစ်ခုပါ။ နောက်ပြီး နာနတ်သီးမှာ  bromelain ဆိုတဲ့ အရောင်ကျစေတဲ့ ဓာတ်ပေါင်းတစ်ခုပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးလို့ရလာတဲ့ကြွက်သားနာကျင် ကိုက်ခဲမှုတွေကို သက်သာစေမှာပါ။
( ၅ ) ငရုတ်ပွ။

ငရုတ်သီးတွေမှာ ကယ်လိုရီ ၃၇ လောက်သာပါဝင်ပြီး ပရိုတင်း ၂ဂရမ်၊ အမျှင်ဓာတ် ၁ ဂရမ်နဲ့ သဘာဝသကြားဓာတ်  ၅ ဂရမ်လောက်သာပါပါတယ်။ အစပ်လည်းကြိုက် ဝိတ်လည်းကျချင်တယ်ဆိုတဲ့သူတွေအတွက်  ငရုတ်သီးက အကူအညီပေးတယ်နော်။

ဒီအသီးငါးမျိုးကတော့ ဝိတ်ကျချင်တဲ့သူတိုင်း မဖြစ်မနေစားပေးသင့်တဲ့ အသီးတွေဖြစ်ပါတယ်။ ကိုယ်ကလည်း ဝိတ်ကျချင်နေတယ် အသားမစားဘူးဆိုရင်တော့ ဒီအသီးတွေကို ရွေးစားလို့ရပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly