မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးကောင်းပြီး ဧရာဝတီအပါအဝင် မြစ်ကြီးအချို့ စိုးရိမ်ရေမှတ်နားရောက်နေ

မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးကောင်းပြီး ဧရာဝတီအပါအဝင် မြစ်ကြီးအချို့ စိုးရိမ်ရေမှတ်နားရောက်နေ
 ၂၀၁၈ ခုနှစ်အတွင်းက စစ်တောင်းမြစ်ရေမြင့်တက်လာမှုကြောင့် မဒေါက်မြို့အတွင်း၌ ရေကြီးမှုဖြစ်ပွားခဲ့ပုံ/ ဓာတ်ပုံ - သူရ

ရန်ကုန်၊ ဇူလိုင် ၁၂ ။             ။ မြန်မာနိုင်ငံအထက်ပိုင်းဒေသအချို႔တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး အချို့သည် စိုးရိမ်ရေမှတ်နားသို့ ရောက်ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား ၊ ဗန်းမော် ၊ ကသာ ၊ ရွှေကူမြို့အနီးတွင်လည်းကောင်း ၊ချင်းတွင်းမြစ်ရေသည် ခန္တီး နှင့် ဟုမ္မလင်းမြို့အနီးတွင်လည်းကောင်း ၊ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့အနီးတွင် လည်းကောင်း ၊ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့အနီးတွင်လည်းကောင်း ၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့ အနီးတွင် လည်းကောင်း ၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့အနီးတွင်လည်းကောင်း စိုးရိမ်ရေမှတ်အနီးသို့ ရောက်ရှိနေသည်ဟု မိုး/ဇလ ဌာနက ဇူလိုင် လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် လေးမြို့မြစ်ရေသည် မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ် ၈၁၀ စင်တီမီတာ (၂၆ ဒဿမ ၅၈ ပေ) ထက် ၈၁ စင်တီမီတာ (၂ ဒဿမ ၆၆ ပေ) ခန့် ကျော်လွန်နေသည်။

ဇူလိုင်လအတွင်းမှ စတင်ပြီး မိုးပိုမိုရွာသွန်းလာခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် ပတ်သက်ပြီး သတိထား သင့်သည်ဟု မိုးလေဝသနှင့် ဇလဗေလပညာရှင်ဦးထွန်းလွင်က မဇ္စျိမသို့ ပြောဆိုထားသည်။

“စိုးရိမ်ရတယ်။ရေတွေစကြီးနေပြီလေ။မြစ်ကြီးနားတို့ဘာတို့ ဆိုရင်ရေတွေတက်နေပြီ။ စက်တင်ဘာအကုန်ထိ မိုးကောင်းမယ်လို့ ခန့်မှန်းထားတယ်လေ။ ရေကတက်လိုက်ကျလိုက်နဲ့ဆိုတော့ စက်တင်ဘာအကုန်အထိ သတင်းတွေကို သတိထားဖို့လိုမယ်” ဟု ဦးထွန်းလွင်က ဆိုသည်။

မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ ကချင်ပြည်နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရသူ ပြည်သူ သုံးထောင်ကျော်ခန့်ရှိနေသည်

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly