ထိုင်းဘုရင် နန်းတက်ပွဲအထိမ်းအမှတ် တော်ဝင်ဖောင်တော် သဘင်အခမ်းအနား ကျင်းပ

ထိုင်းဘုရင် နန်းတက်ပွဲအထိမ်းအမှတ် တော်ဝင်ဖောင်တော် သဘင်အခမ်းအနား ကျင်းပ

ဇူလိုင် ၁၂ ။        ။ ထိုင်းဘုရင် မဟာဝီဇယလောင်ကွန်းရဲ့ ထီးနန်းတက်ပွဲအထိမ်းအမှတ် ရောင်စုံ တော်ဝင် ဖောင်တော် သဘင်အခမ်းအနားတစ်ရပ်ကို ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့ပါတယ်။

ဘန်ကောက်မြို့က တော်ဝင် ဖောင်တော်များ အမျိုးသားပြတိုက်မှာ ကျင်းပပြုလုပ်တဲ့ ကာလာစုံ ကိုးကွယ်မှု အခမ်းအနားမှာတော့ ရှေးခေတ် ရဲမက်စစ်သည် ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ထိုင်း ရိုးရာအကသမားတွေ၊ တော်ဝဝင်ရေတပ်အရာရှိတွေ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒါကတော့ အောက်တိုဘာ ၂၄ ရက်မှာ ကျင်းပမယ့် ကျောက်ဖရားမြစ်ထဲ တော်ဝင် ဖောင်တော် စီတန်းလှော်ခတ်မှု ပွဲတော် အကြို ယခု အခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။

တော်ဝင် ဖောင်တော် စီတန်းလှည့်လည်မှု အခမ်းအနားကတော့ ထိုင်းဘုရင်ရဲ့ ထီးနန်းတက်မှုမှာ ပါဝင်တဲ့ ပွဲအခမ်းအနားတစ်ခုလည်း ဖြစ်ပါတယ်။

ယင်း တော်ဝင် ဖောင်တော် စီတန်းလှည့်လည်မှုကိုတော့ နိုင်ငံမှာ အရေးအပါဆုံး အခမ်းအနားတစ်ခုအဖြစ် သတ်မှတ်ထားရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly