လီဗာပူးလ်ပရိသတ်တွေက လေယာဉ်မှာ စာတန်းချိတ်ဆွဲပြီး မန်ယူကစားသမားတွေကို လှောင်ပြောင်

လီဗာပူးလ်ပရိသတ်တွေက လေယာဉ်မှာ စာတန်းချိတ်ဆွဲပြီး မန်ယူကစားသမားတွေကို လှောင်ပြောင်

သြစတြေးလျနိုင်ငံကို ရာသီကြိုခြေစမ်းခရီးစဉ် ရောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမားတွေဟာ ကြာသာပတေးနေ့က ပက်ခ်(Perth) မြို့မှာ လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း လီဗာပူးလ်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိုးလ်ရှားရဲ့ အသင်းဟာ သြစတြေးလျမှာ ရာသီကြိုခြေစမ်းပွဲအတွက် စတင်နေပြီး စနေနေ့မှာ အဖွင့်ပွဲစဉ်အဖြစ် ပက်ခ်ဂလိုရီအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီပွဲစဉ်မတိုင်ခင် ပက်ခ်မြို့ရှိ WACA ခရစ်ကတ်အားကစားကွင်းမှာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွက် ပရိတ်သတ်က လက်မှတ် (၁၂,၀၀၀) ခန့် ဝယ်ယူပြီး ကြည့်ရှုခဲ့ပါတယ်။

ဒါပေမယ့် သြစတြေးလျရှိ လီဗာပူးလ်အသင်း ပရိသတ်တွေက လေယာဉ်ငယ်တစ်စင်းမှာ ‘Liverpool FC 6 x European champions’ လို့ စာတန်းချိတ်ဆွဲကာ မန်ယူအသင်းလေ့ကျင့်ရေးကွင်းပေါ် ဖြတ်သန်းပြီး ပျံသန်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် မန်ယူအသင်း ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းမှာ ပိုမိုကြိုးစားအားထုတ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းအတွက် ပြီးခဲ့တဲ့ ရာသီဟာ ဆိုးဝါးခဲ့ပြီး အဆင့် (၆)နေရာနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိခဲ့ပါတယ်။

မန်ယူအသင်းရဲ့ အင်္ဂလန်ဒါဘီပြိုင်ဘက်လို့ သတ်မှတ်ခံထားရတဲ့ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအောက် (၁)မှတ်အကွာ ဒုတိယနေရာယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း (၆) ကြိမ်မြောက် ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

Ref; Metro

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly