ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း ကြန့်ကြာနေမှုအတွက် အိတ်ဖွင့်ပေးစာ ပေးပို့

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း ကြန့်ကြာနေမှုအတွက် အိတ်ဖွင့်ပေးစာ ပေးပို့
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ရန်ကုန်၊ ဇူလိုင် ၁၁ ။           ။ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း ကြန့်ကြာနေမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် NCAအဖွဲ့ထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ၂၂ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်မှ ပေးပို့ခဲ့ခြင်းဖြစ်သည်။

၂၂ ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်တွင် တက်ရောက်လာသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ကွန်ရက်နှင့်အဖွဲ့အစည်းပေါင်း ၁၁၉ ဖွဲ့တို့က ဇူလိုင်လ ၈ နှင့် ၉ ရက်နေ့ တွင် ရန်ကုန်မြို့ရှိပန်ဒါဟိုတယ်၌ မြန်မာ့ငြိမ်းချမ်းရေးရှေ့အလားအလာ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

 “ဒီတိုင်းပြည်မှာဆိုရင် အဓိကအားဖြင့်ဆုံးဖြတ်ချက် ချတဲ့လူတွေ ဆွေးနွေး တဲ့ကိစ္စက တစ်ပိုင်း ဖြစ်ပါတယ်။အရပ်ဖက်အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးနဲ့လုပ်နေတဲ့ လူတွေရဲ့လမ်းကြောင်းကတစ်ခု ၊ ပြည်သူတွေက ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဖော်ထုတ်တယ်။ သုံးသပ်ကြတယ်။ ဝေဖန် နေကြတယ်။ဒါတွေက နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ဆိုတော့ ဒီလမ်းကြောင်းသုံးခု ကအမြဲမပြတ်လုပ်နေမှာသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပိုပြီးတော့ခိုင်မာလာမှာဖြစ်ပါတယ်” ဟု ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးဖြစ်စဉ်အားပံ့ပိုးသည့်အစီအစဉ်ဌာန၏ လုပ်ငန်းကော်မတီဝင် ဖြစ်သူ မရန်ဂျော်ဂွန်း က ပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြုံတွေ့ရသည့်စိန်ခေါ်ချက်များ၊ တစ်ဆို့စေသည့် အဓိက အကြောင်း အရာများ ၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားလာနှင့်ပတ်သက်၍ ဆွေးနွေး အကြုံပြု ချက်များကို ဇူလိုင် လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ House Of Orchild တွင် မီဒီယာများကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

 “ဒီအစိုးရလက်ထက်ကြရင်လည်း အရင်အစိုးရ လက်ထက်ထက်ပိုပြီးတော့ အားကောင်းအောင် လုပ်နိုင်မလားဆိုတဲ့အချိန်မှာ တစ်ချို့လက်နက်ကိုင်တွေ က NCA မှာ ပါဝင်လက်မှတ်ထိုးတာရှိပေမယ့် လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေရတုန်း။ အဲဒီအပေါ်မှာ တပ်မတော်ဘက်ကနေ သီးသန့် အပစ်ရပ်စဲတဲ့အကြောင်းကို ကြေညာတယ်။ ကြေညာတဲ့အချိန်မှာ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ပြန်ပြီး တိုက်တွန်းခဲ့တာရှိတယ်။ ဒီနိုင်ငံမှာ တစ်နိုင်ငံလုံး အဆင့်နဲ့ လုပ်ရမှာ။ ဘယ်ကိစ္စမဆို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့  ဆိုတော့ ပဋိပက္ခက ဒီတိုင်းပြည်မှာ မရှိသင့်တော့ဘူး “ ဟု ဦးမရန်ဂျော်ဂွန်းက မဇ္စျိမသို့ ပြောသည်။

အိတ်ဖွင့်ပေးစာတွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအားကောင်းလာမှုအား နိုင်ငံတကာအစိုးရများ၏ ဖိအားများဖြင့် ပြန်လည်တုန့်ပြန်ဆောင်ရွက်မှုကို စေ့စပ်ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းကာ ချိတ်ဆက် ဆောင်ရွက်ရမည် ဟု ပါရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required