Eddie Alvarez ကို အလဲထိုးနိုင်မည်ဟု ယုံကြည်နေသော Eduard Folayang

Eddie Alvarez ကို အလဲထိုးနိုင်မည်ဟု ယုံကြည်နေသော Eduard Folayang

ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား Eduard Folayang သည် ၎င်း၏ဘဝ တစ်ဆစ်ချိုးဟု ခေါ်နိုင်သည့်ပွဲအဖြစ် အမေရိကန် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား Eddie Alvarez နှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။

ကြိုးဝိုင်းအမည် Landslide ဟုပေးထားသော Eduard Folayang သည် ONE Championship လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၂ ကြိမ်တိုင်တိုင် ဆုံးရှုံးထားရာ သြဂုတ်လ ၂ ရက်တွင် မွေးရပ်မြေဖိလစ်ပိုင်၌ ကြိုးဝိုင်းအမည် The Underground King ဟုခေါ်သည့် Eddie Alvarez နှင့် ယှဉ်ပြိုင်ရမည့်ပွဲက ခက်ခဲမည့်ပွဲဖြစ်လာမည်က သေချာနေသည်။

သို့သော်လည်းONE:DAWNOFHEROESပြိုင်ပွဲတွင် Landslideသာအနိုင်ရခဲ့မည်ဆိုပါကကမ္ဘာ့ချန်ပီယံခါးပတ်ပြန်လည်ရယူနိုင်မည့်လမ်းကြောင်းပေါ်တက်လှမ်းလာနိုင်မည်ဖြစ်သော်လည်း အကယ်၍သာရှုံးနိမ့်ခဲ့ပါ က၂ပွဲဆက်တိုက်ရှုံးနိမ့်မှု ဖြစ်လာနိုင်ရာ ကစားသမားဘဝပင်ပြီးဆုံးသွားနိုင်စရာရှိနေသည်။

Landslideသည်ယခင်ကလက်ရှိကာလကဲ့သို့စိန်ခေါ်မှုများကိုရင်ဆိုင်ကြုံတွေ့ရဖူးသော်လည်းအောင်မြင် စွာကျော်ဖြတ်နိုင် ခဲ့သည့်သာဓကများရှိခဲ့သလို မနီလာရှိ Mall of Asia Arena အားကစားရုံတွင်ပြုလုပ်မည့်ပွဲ၌ အလဲထိုးအနိုင်ရမည်ဟု ယုံကြည်လျက်ရှိသည်။

မတ်လ၃၁ရက်ကတိုကျိုတွင်ပြုလုပ်ခဲ့သောONE:ANEWERAပွဲစဉ်တွင်အိမ်ရှင်ဂျပန်နပမ်းအားကစား သမားShinyaAokiကိုပထမအချီမှာပင်မြေပြင်ချုပ်ကွက်ဖြင့်အရေးနိမ့်ကာကမ္ဘာ့ချန်ပီယံခါးပတ်ဆုံးရှုံးခဲ့ရသော်လည်း Landslide မှာ ရှုံးနိမ့်မှုကို ရှက်စရာအဖြစ်မခံယူဘဲ ပြိုင်ဘက်၏ ကျွမ်းကျင်မှုကိုပင် ချီးကျူးခဲ့သေးသည်။

ချန်ပီယံတစ်ယောက်၏ ဘဝက နိမ့်မြင့်တက်ကျမှုများ ရှိတတ်ပြီး Eddie Alvarez နှင့်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲက အရေးကြီးသည်ကိုလည်း Eduard Folayang က ဝန်ခံသည်။

“ ကမ္ဘာ့ချန်ပီယံတစ်ယောက်အဖြစ်ကျင်လည်ခဲ့တဲ့ကျွန်တော့်ရဲ့ဘဝခရီး ကရိုလာကိုစတာစီးနေရသလိုမျိုးပါပဲ။အဲဒီအချိန်တုန်းကကမ္ဘာ့ချန်ပီယံတစ်ဦးအနေနဲ့လူတွေကကျွန်တော့်ကိုကြည့်ကြတယ်။ ဒါကြောင့်ကမ္ဘာ့ချန်ပီယံခါးပတ် ကို ပြန်လည်ရရှိနိုင်မယ့် လှေခါးထစ်ပေါ်တက်လှမ်းနိုင်ဖို့အကောင်းဆုံးကြိုးစားသွားမှာပါ။

ကျွန်တော်ဖြစ်အောင်လုပ်မှာပါ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲရှုံးနိမ့်သွားနိုင်ပါတယ်။အောင်မြင်မှုလမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းနိုင်အောင်ကြိုးစားရတာက စိန်ခေါ်မှု အကြီးမားဆုံး အစိတ်အပိုင်းလို့ ထင်ပါတယ်။ ကျွန်တော်တို့ အခုမှ စတင်ရမှာပါ။ ကျွန်တော့်အတွက်ရော၊ သူ့အတွက်ပါ အသစ်အဆန်းမဟုတ်ပါဘူး “ ဟု Eduard Folayang က ၎င်း၏ခံစားချက်ကို ရှင်းပြသည်။

နာမည်ကျော် Team Lakay အသင်းသား Eduard Folayang က Shinya Aoki နှင့်ပွဲတွင် အင်မတန်သေးငယ်သည့်အမှားမှ တစ်ဆင့် အရေးနိမ့်ခဲ့ရသည်ကိုလည်း ဝန်ခံထားပြီး ၎င်း၏ရပ်တည်မှု ပျောက်ကွယ်မသွားစေရေး ကြိုးစားသွားရမည်ဆိုသည်ကို သိရှိထားသည်။ Shinya Aoki နှင့်ပွဲတွင် ဒိုင်ပွဲရပ်အရေးနိမ့်ခဲ့ရသော်လည်း ပြင်းထန်သည့်ဒဏ်ရာမရခဲ့ခြင်းက လေ့ကျင့်ရေးခန်းမသို့ ပြန်လည်ရောက်ရှိစေကာ ၎င်း၏တိုက်ခိုက်ရေးကျွမ်းကျင်မှု ပိုမိုထူးချွန်ထက်မြက်လာစေရေးအတွက် အကူအညီဖြစ်စေခဲ့သည်။

ထိုအတွက်ကြောင့်လည်း Eddie Alvarez နှင့်ရင်ဆိုင်ရမည့် ပွဲအတွက် အကောင်းဆုံးပြင်ဆင်ခွင့်ရစေခဲ့သည်။

 The Underground King မှာလည်း သာမန် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားမဟုတ်ဘဲ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကြိမ်ဖန်များစွာရရှိထားသူဖြစ်သည်။ သို့သော်လည်း ၎င်းအနေဖြင့် ONE Championship ပွဲဦးထွက်တွင် ရှုံးပွဲနှင့်ရင်ဆိုင်ခဲ့ရသောကြောင့် Eduard Folayang နှင့်ပွဲ၌ မဖြစ်မနေ အနိုင်ယူပြရတော့မည်ဖြစ်သည်။

နှစ်ဦးစလုံးမှာ လတ်တလောတွင် ရှုံးပွဲကြုံထားသောကြောင့် မနီလာတွင် ရင်ဆိုင်ရမည့်ပွဲစဉ်က ကမ္ဘာ့အရှေ့ခြမ်းနှင့် အနောက်ခြမ်း အားပြိုင်မှုဟု သတ်မှတ်ထားကြပြီး မည်သူဆက်လက်ချီတက်နိုင်မလဲဆိုသည်က စိတ်ဝင်စားစရာကောင်းနေသည်။ နှစ်ယောက်စလုံးမှာ ပြင်းထန်အားပါသည့် တိုက်စစ်ဆင်ခြင်းဖြင့်သာ ယှဉ်ပြိုင်တတ်သူများဖြစ်ရာ ကြိုးဝိုင်းအလယ်တွင် အံ့သြလောက်စရာ တိုက်ခိုက်ရေးပညာရပ်များကို ပြသသွားကြမည်ဖြစ်သည်။

Eduard Folayang က ပြိုင်ဘက်ဖြစ်သူ Eddie Alvarez ကို ထူးချွန်သည့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားတစ်ယောက်ဟု ချီးကျူးပြီး အန္တရာယ်ရှိလာနိုင်သည့် ပွဲတစ်ပွဲဟုလည်း သုံးသပ်ထားသည်။

“ Eddie Alvarez ဟာ အရမ်းကောင်းတဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမားတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ကောင်းမွန်တဲ့ ကိုင်တွယ်ဖြေရှင်းမှုမရှိဘူးဆိုရင်တော့ ကမ္ဘာ့ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

သူ့ရဲ့အားသာချက်က နပမ်းလုံးတာနဲ့ လက်ဝှေ့ထိုးသတ်ပုံ ကောင်းမွန်တာပါပဲ။ Eddie Alvarez ရဲ့ ပွဲမှတ်တမ်းတွေကိုကြည့်ရင် ရှုံးနိမ့်ခဲ့တဲ့ပွဲအားလုံးမှာ တိုက်စစ်အားသန်တဲ့ အဆင့်မြင့်ကစားသမားတွေကို ရှုံးခဲ့တာ ခင်ဗျားတွေ့ရလိမ့်မယ်။ အဲဒါက သူ့ရဲ့အားနည်းချက်ပဲ။ ခက်ခဲမှာ ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပြီး အကောင်ဆုံးပြင်ဆင်ထားပါတယ် “ ဟု ဆီးဂိမ်းစ် ဝူရှူးရွှေတံဆိပ် ၃ ဆုရှင် Eduard Folayang က ဆိုသည်။

ဝူရှူးကိုအခြေခံကာ မတ်တပ်ရပ်တိုက်ခိုက်ခြင်းဖြင့် ပြိုင်ဘက်ကိုတိုက်ခိုက်ကာ ကြိုးဝိုင်းကြမ်းပြင်ပေါ် လဲကျသွားစေရန် နည်းဗျူဟာချမှတ်သွားမည်ဟုလည်း Eduard Folayang က ကြုံးဝါးထားသည်။ သို့သော် မိမိတို့နှစ်ဦးစလုံးမှာ ထိပ်တန်းသိုင်းပေါင်းစုံ အားကစားသမားများဖြစ်သောကြောင့် ခန့်မှန်းရခက်သည့် ပွဲတစ်ပွဲဖြစ်လာမည်ဖြစ်သော်လည်း အလဲထိုးအနိုင်ရလိမ့်မည်ဟု Eduard Folayang က အခိုင်အမာ ယုံကြည်နေသည်။

မွေးရပ်မြေတွင် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အိမ်ရှင်ဖိလစ်ပိုင် ပရိသတ်များ၏ တခဲနက်အားပေးမှုက ၎င်းကို အားသာချက်တစ်ရပ်ဖြစ်စေလိမ့်မည်ဟု Eduard Folayang က ယုံကြည်ထားသလို အပေါင်းလက္ခဏာဆောင် သောရလဒ်ရရှိနိုင်မည်ဟုလည်း မျှော်လင့်နေသည်။

“ ဖိလစ်ပိုင်မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်တာကြောင့် ကျွန်တော့်ကို ယုံကြည်မှုတွေရရှိစေပါတယ် “ ဟု Eduard Folayang က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly