မိမိတို့ ရေနံတင်သင်္ဘောကို အီရန်သင်္ဘောတွေက ၀ိုင်းဝန်း ဟန့်တားရန် ကြိုးပမ်းခဲ့ဟု ဗြိတိန် ပြောကြား

မိမိတို့ ရေနံတင်သင်္ဘောကို အီရန်သင်္ဘောတွေက ၀ိုင်းဝန်း ဟန့်တားရန် ကြိုးပမ်းခဲ့ဟု ဗြိတိန် ပြောကြား

ဇူလိုင် ၁၁ ။         ။ ဇူလိုင် ၁၀ ရက်က ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ပင်လယ်ကွေ့အနီးမှာ အီရန် ရေယာဉ်သုံးစင်းက ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် တော်ဝင်ရေတပ်သင်္ဘောက မောင်းထုတ်ခဲ့ရကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ယင်းဖြစ်စဉ်မှာ အီရန်သင်္ဘောသုံးစင်းက ဗြိတိန်ရေနံတင်သင်္ဘောကို ဟန့်တားရန်ကြိုးပမ်းခဲ့စဉ် ဗြိတိန်ရေတပ်သင်္ဘော HMS Montrose က ကြားဝင်ခဲ့ရကြောင်း၊ ယင်းနောက် အီရန် ရေယာဉ်တွေကို နှုတ်နဲ့ လှမ်းပြီး သတိပေးခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

အီရန်တို့ရဲ့ ခုလုပ်ရပ်က နိုင်ငံတကာ ဥပဒေကို ဆန့်ကျင်နေကြောင်း ဆိုပါတယ်။

အီရန် အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်ကလို့ ယုံကြည်ရတဲ့ ရေယာဉ်တွေဟာ ဗြိတိန် ရေနံတင်သင်္ဘောအနီး ချဉ်းကပ်ပြီး ဟန့်တား ရပ်တန့်ခိုင်းဖို့ ကြိုးပမ်းခဲ့တာဖြစ်ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

“ ခုလုပ်ရပ်အတွက် မိမိတို့ တော်တော်လေး စိုးရိမ်မိပါတယ်၊ ရှေ့ဆက်ပြီးတော့ ဒီဒေသမှာ မတည်မငြိမ်ဖြစ်စေမယ့် လုပ်ရပ်တွေ မလုပ်ဖို့ အီရန် အာဏာပိုင်တွေကို တောင်းဆိုလိုပါတယ်” လို့ ဗြိတိန် အစိုးရက ထုတ်ပြန်သွားပါတယ်။

အီရန် သမ္မတ ဟာဆန် ရိုဟာနီကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်က ယင်းတို့ရဲ့ ရေနံတင်သင်္ဘောတစ်စင်း ဂျီဘရော်တာမှာ ထိန်းသိမ်းခံထားရမှုနဲ့ပတ်သက်လို့ ဗြိတိန်တို့ ဆိုးရွားတဲ့ အကျိုးဆက်နဲ့့ ကြုံရနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly