အမေရိကန်ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး နုတ်ထွက်ခြင်းက အလွန်စိတ်မကောင်းစရာဖြစ်ဟု ဝန်ကြီးချုပ် ထရီဆာမေ ပြော

အမေရိကန်ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး နုတ်ထွက်ခြင်းက အလွန်စိတ်မကောင်းစရာဖြစ်ဟု ဝန်ကြီးချုပ် ထရီဆာမေ ပြော

လန်ဒန်၊ ဇူလိုင် ၁၁ ။           ။ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဆာကင်ဒါရော့စ် နုတ်ထွက်တာဟာ အလွန် စိတ်မကောင်းစရာ ဖြစ်ရပ်ပါပဲလို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောပါတယ်။

“အမေရိကန်ဆိုင်ရာ သံအမတ်ကြီး နုတ်ထွက်ချင်တဲ့ စိတ်ခံစားချက် ရှိလာတာဟာ တကယ့်ကို စိတ်မကောင်းစရာ ဖြစ်ရပ်ပါပဲ။”လို့ ဝန်ကြီးချုပ် ထရီဆာမေက ပြောပါတယ်။

အမေရိကန်သမ္မတ ထရမ့်အစိုးရကို ဝေဖန်ထားတဲ့ အီးမေးလ်စာတွေ ပေါက်ကြားခဲ့ပြီးနောက် တင်းမာမှုတွေ အရှိန်မြင့်ခဲ့ရာကနေ သံအမတ်ကြီး ဆာကင်ရာရော့စ်ဟာ ခုလို နုတ်ထွက်တဲ့အထိ ဖြစ်လာခဲ့တာပါ။

သံအမတ်ကြီးက သူ့အနေနဲ့ ရာထူးတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ မဖြစ်တော့ဘူးလို့ ပြောခဲ့ပြီးနောက်မှာ ထရီဆာမေက ဝမ်းနည်းကြောင်း ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

အမေရိကန်အနေနဲ့ ဆာကင်ဒါရော့စ်နဲ့ ဆက်ဆံသွားဖို့က လုံးဝ ဖြစ်နိုင်တော့မှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။

သမ္မတ ထရမ့်အစိုးရဟာ ကိုးရိုးကားယားနိုင်ပြီး အသုံးမကျတဲ့ အစိုးရလို့ ပြောဆိုထားတဲ့ သံအမတ်ကြီး ဆာကင်ဒါရော့စ်ရဲ့ အီးမေးလ်စာ ပေါက်ကြားခဲ့ပြီးနောက်မှာ ထရမ့်က သံအမတ်ကြီးကို အတော်ကို ‘မိုက်မဲအသုံးမကျတဲ့ ကောင်’ပဲလို့ ပြောဆိုခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly