သက္ကမိုးညို အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က အမှုဖွင့်

11 July 2019
သက္ကမိုးညို အကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က အမှုဖွင့်

နေပြည်တော်က ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်ပြီး ဖေ့စ်ဘွတ်တွင် အစဉ်တစိုက်ရေးသားနေသော သက္ကမိုးညိုအကောင့်ပိုင်ရှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်ကတရားလိုလုပ်ပြီး တိုင်းတန်းခဲ့သည်။

 အဆိုပါကိစ္စအတွက် ရဲတပ်ဖွဲ့ကစစ်ဆေးမှုများ ပြုလုပ်ပြီး ကျပ်သိန်း ၁၀၀ ဖြင့် သက္ကမိုးညိုကို အာမခံပေးခဲ့သည်။  ပြန်လွတ်လာသည့်  သက္ကမိုးညိုက သူရေးသားခဲ့သည့်  အချက်အလက်များသည် အထောက်အထားရှိကြောင်းနှင့် အမှုကို ဆက်လက်ရင်ဆိုင်သွားမည်ဟု မီဒီယာများကို ပြောကြားခဲ့သည်။

သက္ကမိုးညိုကို အမှုဖွင့်ထားသည့်  ပုဒ်မသည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ငွေဒဏ် ကျပ်သိန်း ၅ဝမှ ကျပ် သိန်း ၁ဝဝအထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ သုံးနှစ်အထိချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ရိုက်ကူး မင်းမင်း/တင်ဆက်- စိုးသူအောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly