စပိန်မြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွား၊ လူသေဆုံးမှု ရှိ

စပိန်မြောက်ပိုင်းမှာ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွား၊ လူသေဆုံးမှု ရှိ

ဇူလိုင် ၁၀ ။       ။ စပိန်မြောက်ပိုင်းမှာ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်လို့ အကြီးအကျယ် ပျက်စီးမှုတွေဖြစ်ပေါ်ထားခဲ့တယ်လို့ သိရပါတယ်။

ရေကြီးရေလျှံစဉ် ရေထဲ မျောပါသွားခဲ့တဲ့ ကားတစ်စီးအတွင်းကနေ ကားမောင်းသူတစ်ဦးရဲ့ ရုပ်အလောင်းကို ဇူလိုင် ၉ ရက်က မီးသတ်တပ်ဖွဲ့ဝင်တွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုတ်တရက် ရေကြီးရေလျှံမှုတွေကြောင့် လမ်းတွေ ပိတ်ကုန်တာ၊ မီးရထားခရီးစဉ်တွေ နှောင့်နှေးတာ တို့ဖြစ်ပေါ်ခဲ့ရပါတယ်။

ဇူလိုင် ၈ ရက် ညပိုင်းက ရုတ်တရက် မိုးကြီးပြီး ရေကြီးမှုဖြစ်ကာ ကားတွေ၊ ဂိုဒေါင်တွေ၊ မြေအောက်ခန်းတွေ၊ ထပ်ခိုးတွေ၊ စတိုးတွေ၊ လမ်းတွေ၊ စက်ရုံတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းအပြင် ရထားခရီးစဉ်တွေလည်း နှောင့်နှေးခဲ့ရကြောင်း ဒေသအစိုးရက ထုတ်ပြန်ထားပါတယ်။

ဗီဒီယို ပုံရိပ်တွေထဲမှာလည်း ကားတွေ ရေထဲ ပေါလောပေါ်နေတာ၊ လမ်းတွေပေါ်မှာ စုပြုံထပ်နေတဲ့မြင်ကွင်းတွေကို တွေ့မြင်ခဲ့ရပါတယ်။

Mizzima Weekly