အမှိုက်တန်ချိန် ၂၁၀ ကျော်ကို မူလပိုင်ရှင် သြစတြေးလျထံ ပြန်ပို့ရန် အင်ဒိုနီးရှား စီစဉ်

အမှိုက်တန်ချိန် ၂၁၀ ကျော်ကို မူလပိုင်ရှင် သြစတြေးလျထံ ပြန်ပို့ရန် အင်ဒိုနီးရှား စီစဉ်

ဇူလိုင် ၁၀ ။       ။ နိုင်ငံမှာ ရောက်နေတဲ့ အမှိုက်သရိုက် တန်ချိန် ၂၁၀ ကျော်ကို မူလပိုင်ရှင်နိုင်ငံဖြစ်တဲ့ သြစတြေးလျထံ ပြန်ပို့သွားမယ်ဆိုပြီး အင်ဒိုနီးရှား အာဏာပိုင်တွေက ထုတ်ပြန်သွားခဲ့ပါတယ်။

ဒါဟာ ပြည်ပနိုင်ငံတွေရဲ့ အမှိုက်သရိုက်တွေ စုပုံရာ နေရာတစ်ခု အဖြစ်မခံဖို့အတွက် အင်ဒို အာဏာပိုင်တွေဘက်က တုန့်ပြန်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

ဆူရာဘာယာမြို့မှာ သိမ်းဆည်းရမိခဲ့တဲ့ ကွန်တိန်နာ ရှစ်လုံးထဲမှာ ယင်း အမှိုက်သရိုက်တွေ ရှိနေတာကို အင်ဒိုတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းတို့ကို သြစတြေးလျထံ ပြန်ပို့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

သြစတြေးလျကနေ ရောက်လာတာဖြစ်တဲ့ ယင်းကုန်သေတ္တာတွေထဲမှာတော့ စွန့်ပစ်စက္ကူတစ်မျိုးတည်းသာ ပါရှိရမှာဖြစ်ပေမယ့် အင်ဒိုတာဝန်ရှိသူတွေ စစ်ဆေးရာမှာတော့ ယင်းတို့အထဲမှာ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းတွေ၊ မီးဖိုချောင်ထွက် ပစ္စည်းတွေ၊ ပလတ်စတစ်ဘူးတွေ၊ အထုပ်တွေ၊ အသုံးပြုပြီးသား diaper တွေ၊ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါ အမှိုက်သရိုက် မျိုးစုံပါ ကုန်သေတ္တာတွေကို မူလတင်ပို့လိုက်တဲ့ နိုင်ငံဆီ ပြန်လည် ပို့ဆောင်ဖို့ အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ညွန်ကြားချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly