ရေရှားပါးပြတ်လပ်နေတဲ့ အိန္ဒိယမှာ ရေမှောင်ခိုစျေးကွက် တွင်ကျယ်လာနေ

ရေရှားပါးပြတ်လပ်နေတဲ့ အိန္ဒိယမှာ ရေမှောင်ခိုစျေးကွက် တွင်ကျယ်လာနေ

နယူးဒေလီ၊ ဇူလိုင် ၉  ။        ။ အိန္ဒိယနိုင်ငံမှာ အစိုးရရဲ့ ရေပေးဝေမှု ပြတ်တောက်တာကို အခွင့်ကောင်းယူပြီး ရေမှောင်ခို လုပ်စားတဲ့ တရားမဝင် ကွန်ရက် ဖြစ်ပေါ်ကာ ဥပဒေမဲ့ ရေမှောင်ခိုစျေးကွက် ပေါ်ပေါက်လာပါတယ်။

တစ်ချို့ဒေသတွေမှာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်တာနဲ့အတူ အဲဒီ ရေမှောင်ခိုသမားတွေဟာ ရေကို စျေးကြီးကြီးနဲ့ ရောင်းချပြီး အမြတ်ထုတ်နေပါတယ်။

“သူတို့ဟာ ရေလူမိုက်ဂိုဏ်းတွေပါပဲ။ ရေပေးဝေးမှုစနစ် ပြီးပြည့်စုံပြီး အကောင်အထည် မပေါ်အောင် အဖျက်အမှောင့်တွေ လုပ်နေတယ်။”လို့ နယူးဒေလီက ပြည်သူ ၁၆ သန်းကျော်ကို ရေပေးဝေတဲ့ အစိုးရအေဂျင်စီ ဒေလီဂျယ်ဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယာဒက်က ပြောပါတယ်။

နယူးဒေလီရဲ့ တောင်ပိုင်း ဆန်ဂမ်ဗီဟာလို ဒေသတွေမှာ ဒေသခံတွေဟာ သူတို့ရဲ့ ရေလိုအပ်ချက်ကို ပုဂ္ဂလိကရေပို့ကားတွေကို အားကိုးနေရပါတယ်။ အဲဒီ ရေပို့ကားတွေဆီကနေ ရေတစ်ပုံးကို ရူပီး ၂၀ ကနေ ၅၀ ကြား ပေးဝယ်ပြီး သုံးနေကြရတာ ဖြစ်ပါတယ်။

ဒီလို ပေးရတဲ့ နှုန်းထားဟာ အိန္ဒိယ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးဟာ တစ်နေ့မှ အများဆုံးလုပ်ခ အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဒေါ်လာတောင် ပြည့်မီအောင် မရရှိကြတာကြောင့် စျေးအတန်ကြီးမားတဲ့ ရေသုံးစွဲခပဲ ဖြစ်တယ်လို့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဒီလို ရေရှားပါး ပြတ်လပ်မှု ပြဿနာဟာ နိုင်ငံနဲ့ တစ်ဝန်းလုံးလို ရင်ဆိုင်နေရတာ ဖြစ်ပြီး သမိုင်းမှာ အကြီးမားဆုံး ရေပြဿနာလည်းပဲ ဖြစ်ပါတယ်။

အိမ်ထောင်စုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းဟာ သောက်သုံးရေ ရှားပြားပြတ်လပ်မှုကို ရင်ဆိုင်နေရပြီး ကျေးလက်ပြည်သူ ၈၄ ရာခိုင်နှုန်းနီးပါးမှာလည်း ရေပို့ ပိုက်လိုင်းတွေကနေ ရေရရှိခြင်း မရှိဖြစ်နေကြောင်း အစိုးရစာရင်းဇယားတွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly