ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး လက်နက်ရောင်းမယ့် အမေရိကန်အစီအစဉ် တရုတ် ကန့်ကွက်

ထိုင်ဝမ်ကို ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး လက်နက်ရောင်းမယ့် အမေရိကန်အစီအစဉ် တရုတ် ကန့်ကွက်

ဇူလိုင် ၉ ။       ။ ထိုင်ဝမ်ထံ ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံဖိုး လက်နက်ရောင်းချမယ့် အစီအစဉ်တစ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

တင့်ကားတွေ၊ လေယာဉ်ပစ် ဒုံးတွေ အပါအဝင် လက်နက် ဒေါ်လာ ၂ ဘီလီယံကျော်ဖိုး ထိုင်ဝမ်ကို ရောင်းချဖို့ အမေရိကန်ဘက်က စီစဉ်နေတာဖြစ်ပါတယ်။

ခုလို ထိုင်ဝမ်ကို လက်နက်တွေ ရောင်းချမယ့် ဖြစ်နိုင်ဖွယ် အစီအစဉ်ကို ချက်ချင်း ပြန်ရုပ်သိမ်းဖို့ တရုတ်က ဇူလိုင် ၉ ရက်မှာ ၀ါရှင်တန်ကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ရဲ့ ဒီလိုလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်က ပြောပါတယ်။

“ ဒီလို အမေရိကန်ကနေ ထိုင်ဝမ်ကို လက်နက်ရောင်းမယ့်ကိစ္စဟာ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ချိုးဖောက်ရာ ရောက်ပါတယ်၊ တရုတ်ရဲ့ ပြည်တွင်းရေးကိုပါ စွက်ဖက်သလိုဖြစ်နေပါတယ်၊ နောက်ပြီး တရုတ်ရဲ့ အချုပ်အချာအာဏာနဲ့ လုံခြုံရေးပိုင်းကို ထိပါးနေပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly