ရခိုင်ပြည်နယ်အတွက် ဆောက်လုပ်လှူဒါန်းတဲ့ နေအိမ်အလုံး ၂၀၀ ကျော်ကို အိန္ဒိယက ယနေ့ လွှဲပြောင်းပေးအပ်မည်

By Economic Times
09 July 2019
ရခိုင်ပြည်နယ်အတွက် ဆောက်လုပ်လှူဒါန်းတဲ့ နေအိမ်အလုံး ၂၀၀ ကျော်ကို အိန္ဒိယက ယနေ့ လွှဲပြောင်းပေးအပ်မည်
Economic Times

ဇူလိုင် ၉ ။               ။ ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ပေးထားတဲ့ နေအိမ် အလုံးပေါင်း ၂၀၀ ကျော်ကို အိန္ဒိယက ယနေ့ ဇူလိုင် ၉ ရက်မှာ မြန်မာထံ လွှဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ဖိုးရှိ ငါးနှစ်ကြာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ် RSDP အောက်မှာ အိန္ဒိယက ရခိုင်အတွက် ရည်ရွယ်ပြီး ယင်းနေအိမ်တွေကို ဆောက်လုပ်ပေးထားခဲ့တာဖြစ်ပါတယ်။

RSDP ရဲ့ အောက်မှာ ရှေ့ပြေး ပရောဂျက်တစ်ခုအဖြစ် ရခိုင်မြောက်ပိုင်းက ကျေးရွာသုံးခုမှာ နေအိမ် အလုံး ၂၅၀ ကျော်ကို အိန္ဒိယက တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

ယင်း ပရောဂျက်ကိုတော့ အိန္ဒိယကုမ္ပဏီတွေက တာဝန်ယူဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ နေအိမ် ၂၅၀ စလုံး တည်ဆောက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ပထမအသုတ် နေအိမ်အလုံး ၅၀ ကိုတော့ ၂၀၁၈ ဒီဇင်ဘာလက အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာထံလွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ကျန်ရှိတဲ့ နေအိမ် အလုံး ၂၀၀ ကျော်ကိုတော့ ယနေ့မှာ အိန္ဒိယ သံအမတ်ကြီး Saurabh Kumar က မြန်မာထံ လွှဲပြောင်းပေးအပ်မယ်လို့ သိရပါတယ်။

ဒီနေအိမ်တွေကတော့ ငလျင်နဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံနိုင်ပြီး သံချေးမတက်သလို ရေလည်းလုံတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နှောင်းပိုင်းလောက်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက် ဖွံ့ဖြိုးရေး ပရိုဂရမ်တစ်ခု ဖော်ဆောင်ဖို့ အိန္ဒိယက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly