ခန္ဓာကိုယ်နဲ့သံဓာတ်

ခန္ဓာကိုယ်နဲ့သံဓာတ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 
အသက်ကို ဉာဏ်စောင့်သတဲ့။ နေ့စဉ်စားသောက်မှုကစလို့ အိပ်စက်ချိန်တွေကိုပါ သေချာလေးဂရုစိုက်ပေးနိုင်မှ လူတစ်ယောက်က ကျန်းမာမှာပါ။ ဒါ့အပြင်ဂရုစိုက်ရမှာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝနေစေဖို့ပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာနေစေဖို့ လိုအပ်တဲ့ ဓာတ်တစ်ခုဖြစ်တဲ့ သံဓာတ်အကြောင်းနည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့်တော့ ဒီဓာတ်က လေဒီလေးတွေမှာလိုအပ်တာပါ။
သံဓာတ်ရဲ့ အရေးပါမှုအတိုင်းအတာ

သံဓာတ်က ခန္ဓာကိုယ်အတွက် အရေးပါဆုံးသော သတ္တုဓာတ်တွေထဲက တစ်မျိုးပါ။ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဆဲလ်တွေတိုင်းမှာ သံဓာတ်ပါဝင်နေပါတယ်။ သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ နောက်တစ်ချက်က သံဓာတ်က ပင်ပန်းနွမ်းနယ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ်ခံအားကောင်းစေဖို့လည်း တာဝန်ယူထားသေးတယ်နော်။ ဖျားနာမှုကင်းစေဖို့ လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပေါ့။
ဘယ်သူတွေမှာ အဓိကလိုအပ်တာလဲ…..

သံဓာတ်က လူတိုင်းအတွက် အရေးပါတဲ့ ဓာတ်တစ်မျိုးပါ။ အဓိကလိုအပ်သူတွေကတော့ လေဒီတွေပေါ့။ အပျိုဖော်ဝင်ပြီးတဲ့ လေဒီလေးတိုင်းမှာ သံဓာတ်ပြည့်ဝနေစေဖို့က မဖြစ်မနေဂရုစိုက်သင့်တဲ့ အချက်တွေထဲကတစ်ခုပေါ့။ သံဓာတ်ပြည့်ဝနေစေဖို့က သံဓာတ်အားဖြည့်ဆေးတွေသောက်လို့ရသလို အစားအသောက်တွေထဲမှာ သံဓာတ်ပါအောင် စားသုံးပေးလို့လည်းရပါတယ်။
သံဓာတ်က ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ…..

ခန္ဓာကိုယ်အတွက် အရေးအပါဆုံး သတ္တုဓာတ်တစ်ခုဖြစ်တာနဲ့အညီ လုပ်ဆောင်ပေးတဲ့ တာဝန်တွေကလည်း တော်တေ်ာလေးတော့များပါတယ်။

သွေးအားနည်းရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

သွေးအားနည်းတယ်ဆိုတာ တကယ်တော့ ကိုယ်တွင်းမှာ သံဓာတ်နည်းနေတာပါ။ အခုနောက်ပိုင်းမှာ ပြောင်းလလြာတဲ့ စားသောက်မှုပုံစံတွေနဲ့ နေ့ထိုင်မှုအလေ့အထတွေကြောင့် ကမ္ဘာတလွှားမှာ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါကို ခံစားရသူတွေ တော်တော်လေးများလာနေပါတယ်။ သွေးအားနည်းရောဂါဖြစ်ရတဲ့ အဓိကအေကြာင်းအရင်းတစ်ခုက သွေးဖြူဥက ရှိသင့်တဲ့ ပမာဏထက်နည်းနေတာကြောင့်ပါ။ လက္ခဏာတွေအနေနဲ့ကတော့

  •     ပင်ပန်းလွယ်တာ
  •     မူးဝေတာ
  •     နှလုံးခုန်မြန်တာ
  •     အားနည်းတာ
  •     မကြာခဏဖျားနာတာမျိုးတွေဖြစ်နိုင်ပါတယ်။

သွေးဖြူဥ အရေအတွက် တိုးစေနိုင်တယ်

  • သံဓာတ်ရဲ့ အဓိက လုပ်ငန်းတစ်ခုက ကိုယ်တွင်းမှာ သွေးဖြူဥဆဲလ်တွေကို ဖြစ်ပေါ်စေတာပါ။ သွေးတွင်းမှာ အောက်ဆီဂျင်တွေ သယ်ပိုပပေးဖို့လည်း လုပ်ဆောင်ပေးပါတယ်။ သွေးဖြူဥဆဲလ်တွေ ပြည့်ဝလု့လောက်နေမှုက အနာကျက်မြန်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ လစဉ်ရာသီသွေးဆင်းနေရတဲ့ လေဒီတွေမှာဆိုရင် သံဓာတ်က မဖြစ်မနေလိုအပ်မှာပါ။

ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင်တယ်

  • အမြဲလိုလို ပင်ပန်းနေတယ်ဆိုရင်တော့ သံဓာတ်အားနည်းနေတာပါ။ ဒီလက္ခဏာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ ခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ သံဓာတ်အားနည်းလာတဲ့အခါ လူက အမြဲလိုလို နုံးချိနေနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမး်က သံဓာတ်ပြည့်ဝနေစေဖို့ပါပဲ။

ကြွက်သားတွေ သန်မာစေနိုင်တယ်

  • ကြွက်သားတွေထဲက အားမရှိသလိုပဲ ဖြစ်နေတယ်ဆိုတာက သံဓာတ်အားနည်းနေတာပါ။ ကိုယ်တွင်းမှာ လုံလောက်တဲ့ သံဓာတ်ရှိနေမယ်ဆိုရင် ကြွက်သားတွေ ကျုံကဆန့်နိုင်စေဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ပေးပို့နိုင်မှာပါ။ ကိုယ်တွင်းမှာ သံဓာတ်အားနည်းလာတဲ့အခါ ကြွက်သားတွေထဲက အားမရှိသလို ခံစားရနိုင်သလို ကြွက်သားတစ်ရှုးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

  • သံဓာတ်က ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်က ခန္ဓာကိုယ်က ဆဲလ်တွေ။ တစ်ရှုးတွေ နဲ့ အင်္ဂါ အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်ထောက်ပံ့ပေးနေတဲ့ သွေးဖြူဥဆဲလ်တွေကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနေပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ကိုယ်ခံအားကောင်းပြီး ကိုယ်တွင်းကို ရောဂါတွေ ဝင်ရောက်ကူးစက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။

အာရုံစူးစိုက်နိုင်စွမ်းကောင်းစေတယ်

  • ဘာလုပ်လုပ်အာရုံစိုက်မရဘူးဆိုတာက ကိုယ်တွင်းမှာ သံဓာတ်အားနည်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ သံဓာတ်အားနည်းလာတဲ့အခါ အာရုံစို်ကနိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဒီလိုကနေ အချိန်ကြာလာတဲ့အခါ မှတ်မိနိုင်စွမ်းကိုပါထိခိုက်လာစေနိုင်ပါတယ်။

အညိုအမဲစွဲတာကို သက်သာစေနိုင်တယ်
နည်းနည်းလောက်လေးထိခိုက်မိတာနဲ့ အရေပြားမှာ ချက်ချင်း အညိုအမဲစွဲရတာက သံဓာတ်အားနည်းနေလို့ပါ။ ဒါကြောင့် သံဓာတ်အားပြည့်နေစေဖို့ အစားအသောက်ကို ဂရုစိုက်ပေးစေချင်ပါတယ်။

အိပ်ပျော်စေတယ်

  • သံဓာတ်အားနည်းမှုက အိပ်စက်မှုမှာပါ ထိခိုက်လာစေနိုင်ပါတယ်။ အိပ်နေရင်း ခဏခဏလန့်နိုးတာ၊ ညဘက်မှာ ကောင်းကောင်းအိပ်မပျော်တာတွေက သံဒာတ်အားနည်းမှုကြောင့် အိပ်စက်မှုမှာ ပြဿနာဖြစ်နေရတာပါ။ ဒါကြောင့် ညတိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်မှုရစေဖို့  ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝအောင် ဖြည့်ဖို့ မမေ့ပါနဲ့။
  • သံဓာတ်များရင်လည်း မကောင်းပြန်ပါဘူး…..

သံဓာတ်နည်းတာကြောင့် သွေးအားနည်းတာ၊ ခဏခဏဖျားနာတာတွေ ဖြစ်နိုင်တယ်ဆိုပေမယ့် သံဓာတ်များရင်လည်း အသည်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ သံဓာတ်တွေ စုပုံပြီး ဆဲလ်တွေနဲ့တစ်ရှုးတွေကို ပျက်စီးစေနိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ကတော့ ကင်ဆာဖြစ်စေနိုင်တာပါ။

သံဓာတ်ကို လိုတာထက် ပိုပြီးသောက်သုံးမိမယ်ဆိုရင် မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာမျိုးဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံး အကျိုးဆက်အနေဲ့ကတော့ ကိုယ်တွင်းသွေးယိုစိမ့်တာ၊ တက်တာ၊ ကိုမာဝင်တာ နဲ့ သေဆုံးတာအထိတောင်ဖြစ်စေနိုင်ပါတယ်။ ကိုယ်တွင်းမှာ လိုအပ်တဲ့ သံဓာတ်ပမာဏထက်များနေမှုက အရေပြားပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် သ့ဒာတ်ကို ပိုလည်းမပိုစေ၊ လိုလည်း မလိုစေဖို့ သေချာလေးဂရုစိုက်ပေးပါလို့ပြောပါရစေ Hello ဆရာဝန် ပရိသတ်ကြီးရေ………………..

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly