Sound for Sorrow

08 July 2019
Sound for Sorrow

ကလေးငယ်တွေအပေါ် အနိုင်ကျင့်စော်ကားမှုတွေ ပြုလုပ်တာ၊ လိင်အကြမ်းဖက်မှုတွေ ပြုလုပ်တာတွေ ဖြစ်ပွားနေတဲ့အပေါ် ပန်းချီဆရာ၊ ကာတွန်းရုပ်ပြဆရာ ၇ ဦးတို့က ဝမ်းနည်းတဲ့အထိမ်းအမှတ် Sound for Sorrow လို့ နာမည်ပေးထားတဲ့ ပန်းချီကားတစ်ချပ်ကို စုပေါင်းရေးဆွဲခဲ့ကြပါတယ်။

သရုပ်ဖော်ရေးဆွဲသူလည်းဖြစ်တဲ့ ပန်းချီဆရာဝလုံးရဲ့ ၆ ကြိမ်မြောက် တစ်ကိုယ်တော်ပန်းချီပြပွဲကို ဇူလိုင်လ ၆ ရက်နေ့က စတင်ပြီး ၁၀ ရက်နေ့အထိ ရန်ကုန်မြို့၊ လောကနတ်ပန်းချီပြခန်းမှာ ပြုလုပ်နေပြီး အဲ့ဒီ ဝမ်းနည်းခြင်း ပန်းချီရေးဆွဲတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ရိုက်ကူး၊တည်းဖြတ်-ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags